Home
အထွေထွေ
ရွှေညဝါဆရာ​တော်ကို ဖယ်ရှားပြီး​ ​ကျောင်း​ကို ချိပ်ပိတ်ရန် ညွှန်ကြား
နေသွင်
·
December 14, 2011
ရန်ကုန် ကြည့်​မြင်တိုင်၊​ သာဓု​ကျောင်း​တိုက် ​ရွှေညဝါဆရာ​တော်ကို ​ကျောင်း​က​နေ ဖယ်ရှား​ပြီး​ ​ကျောင်း​ကို ချိပ်ပိတ်ဖို့​ တိုင်း​သံဃာ့​မဟာနာယကအဖွဲ့​က ညွှန်ကြား​တဲ့​ စာကို ဒီ​နေ့​မှာ လက်ခံရရှိတယ်လို့​ ဆရာ​တော်က မိန့်​ကြား​ပါတယ်။ [caption id="attachment_15762" align="alignleft" width="310" caption="ရွှေညဝါဆရာတော်"][/caption] နိုင်ငံ​တော်သံဃာ့​မဟာနာယကရဲ့​ ညွှန်ကြား​ချက်အရ ၁၂ ရက်​နေ့​ ရက်စွဲနဲ့​ ​ပေး​ပို့​လိုက်တဲ့​စာမှာ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟက သံဃာ့​နာယကအဖွဲ့​ရဲ့​ တရား​ဟောခွင့်​ပိတ်ထား​တဲ့​ စည်း​ကမ်း​ကို မလိုက်နာဘဲ မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ နိုဝင်ဘာ ကုန်ပိုင်း​က တရား​ဟောတဲ့​အတွက် အ​ရေး​ယူတာလို့​ ပါရှိပါတယ်။ ဆရာ​တော်က သံဃာ့​မဟာနာယကအဖွဲ့​က ​ပေး​ပို့​တဲ့​ ညွှန်ကြား​စာကို အခုလို မိန့်​ပါတယ်။ “​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟသည် မန္တ​လေး​တိုင်း​ ​ဒေသကြီး​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​တွင် တရား​ဟောကြား​သည့်​ကိစ္စ တင်ပြလာခြင်း​နှင့်​ စပ်လျဉ်း​၍ (က) ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟအား​ နိုင်ငံ​တော်သံဃာ့​မဟာ နာယကအဖွဲ့​ပိုင် ကြည့်​မြင်တိုင်မြို့​နယ်၊​ သာဓု​ကျောင်း​တိုက်မှ ဖယ်ရှား​ရန်၊​ (ခ) သံဃာ့​အဖွဲ့​အစည်း​ အဆင့်​ဆင့်​ ဆုံး​မညွှန်ကြား​သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်၊​ နိုင်ငံ​တော် သံဃာမဟာ နာယက အဖွဲ့​ရဲ့​ ခွင့်​ပြုချက်မရဘဲ မည်သည့်​ပုဂ္ဂိုလ်မျှ သာဓု​ကျောင်း​တိုက်အတွင်း​ မည်သည့်​သင်တန်း​မှ ဖွင့်​လှစ်​ဆောင်ရွက်ခြင်း​ မပြုလုပ်ရန်။ သို့​ဖြစ်ပါ၍ အပိုဒ်(၁)ပါ နိုင်ငံ​တော်သံဃာ့​ မဟာနာယက အဖွဲ့​ (၄၇) ပါး​စုံညီ ပထမဆုံး​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နှင့်​အညီ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်​ရေး​ ရန်ကုန်တိုင်း​ဒေသကြီး​၊​ သာသနာ​ရေး​မှူး​သို့​ ဆက်လက် ညွှန်ကြား​ ​ဆောင်ရွက်သွား​ပါရန်နှင့်​ ​ဆောင်ရွက်ပြီး​စီး​မှု အ​ခြေအ​နေကို ပြန်လည်တင်ပြ ​လျှောက်ထား​ကြရန် အ​ကြောင်း​ကြား​ ​လျှောက်ထား​အပ်ပါသည်။” ရွှေညဝါ​ကျောင်း​တိုက်ဟာ ငြိမ်း​ချမ်း​ရေး​နဲ့​ ဒီမိုက​ရေစီလိုလား​သူ​တွေက စုရပ်လို ဖြစ်ခဲ့​ပါတယ်။ ဂ​လေး​လုံး​အခမ်း​အနား​၊​ အမျိုး​သား​နေ့​ အခမ်း​အနား​ အထိမ်း​အမှတ်​နေ့​တွေမှာ ဆရာ​တော်​ကျောင်း​မှာ ဆွမ်း​ကပ်တာ​တွေ ပြုလုပ်​လေ့​ရှိပါတယ်။ မကြာခင်က အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ မြန်မာပြည်ခရီး​စဉ်မှာလည်း​ နယ်ပယ်အသီး​သီး​က ထင်ရှား​သူ​တွေနဲ့​ ​တွေ့​ဆုံဖို့​ ဖိတ်ကြား​သူ​တွေမှာ ​ရွှေညဝါဆရာ​တော် ပါဝင်ခဲ့​ပါတယ်။ အဲဒီတုန်း​ကလည်း​ တရား​ဟောခွင့်​ပိတ်ပင်ခံထား​ရတဲ့​ ဆရာ​တော်က တိုင်း​ရင်း​သား​ဒေသမှာ ဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေကို အစိုး​ရက ရပ်ဖို့​ လိုတဲ့​အ​ကြောင်း​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဆရာ​တော်က မိန့်​ကြား​ခဲ့​ဖူး​ပါတယ်။ အခုလို သံဃာ့​နာယကအဖွဲ့​က ညွှန်ကြား​ချက်နဲ့​ ပတ်သက်လို့​တော့​ ငြိမ်း​ချမ်း​ရေး​ကို လိုလား​တဲ့​ သံဃာတပါး​အ​နေနဲ့​ ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ပဲ ​ဖြေရှင်း​ချင်တယ်လို့​ ​ရွှေညဝါဆရာ​တော်က မိန့်​ကြား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024