Home
မြန်မာသတင်း
ပုဒ်မ ၆၆ ဃကို ပြင်သင့် မပြင်သင့် နိုင်ငံတကာ ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်နေ (ရုပ်သံ)
DVB
·
February 7, 2017
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ပြင်သင့် မပြင်သင့် နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ ပြန်ပြီး လေ့လာနေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ဒီနေ့ လွှတ်တော်မှာ ပြောပါတယ်။ “ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့ ပတ်သက်ပြီး ကျနော်တို့ ၀န်ကြီးဌာနအနေနဲ့ ပြန်လည်ပြီး သုံးသပ်နေပါတယ်။ သုံးသပ်တယ်ဆိုတာကလည်း အစစအရာရာ ဥပဒေကို ရေးဆွဲထားတာလည်း နိုင်ငံတကာ စံချိန်စံညွှန်း၊ နိုင်ငံတကာ အထောက်အပံ့အကူအညီ World Bank အကူအညီနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။ အခုကိစ္စမှာလည်း နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ World Bank တို့ ADB တို့နဲ့ ညှိနှိုင်းတိုင်ပြီးတော့ နိုင်ငံတကာ ကျင့်ထုံးနဲ့အညီ ပြင်သင့်မပြင်သင့် ပြန်ပြီး လေ့လာလျှက်ရှိပါတယ်။” ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းများအရ ၆၆(ဃ) နဲ့ တရားရုံးတင်ပြီးတရားစွဲဆိုမှု စုစုပေါင်း ၄၅ မှုရှိသွားပြီဖြစ်တယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီထဲ အစိုးရသစ်လက်ထက် စွဲဆိုထားမှုပေါင်း ၃၈ မှု ဖြစ်ပြီး ၆၆ (ဃ) နဲ့ ဖမ်းဆီးခံထားရသူ ၁၆ ဦး၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၃ ဦး ရှိပါတယ်။ ဒီစာရင်းမှာ တိုင်ကြားသူရှိပြီး တရားခံမဖော်ထုတ်နိုင်သေးသော အမှုများနဲ့ ရဲစခန်းမှာတင် အမှုပိတ်သိမ်းသွားသော အမှုများထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024