ထီရောင်းခွန် ၁၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ်ပြန်ထည့်သွင်းပေးရေး လွှတ်တော်တွင် ဆွေးနွေး
DVB
·
February 7, 2017
အောင်ဘာလေထီ ရောင်းရငွေ အခွန် ၄၀ ရာခိုင်နှုန်းထဲမှ ၁၀ ရာခိုင်နှုန်းကို အောင်ဘာလေသိန်းဆုမဲအဖြစ် ပြန်လည်ထည့်သွင်းပေးရေးအဆို ပြည်သူ့လွှတ်တော်မှာ အနိုင်ရရှိခဲ့ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မိုးမောက် အမတ် ဦးဝင်းအောင်က မြန်မာနိုင်ငံအတွင်းရှိ ထီထိုးသူတွေ အဆင်ပြေစေရန်၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် မှုခင်းလျှော့ချရေးအတွက် အောင်ဘာလေထီ ရောင်းရငွေ အခွန် ၄၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကို အောင်ဘာလေသိန်းဆုအဖြစ် ထည့်သွင်းပေးပြီး အခွန် ၃၀ ရာခိုင်နှုန်းသာ ကောက်ခံဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာပါ။
ဒီအဆိုကို ကန့်ကွက်သူရှိတဲ့အတွက် လွှတ်တော်တွင်း စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ်ရာမှာ အဆိုထောက်ခံသူများတဲ့ အတွက် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ စာရင်းပေးသွင်းဖို့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။
သတင်း - အောင်ဆန်းဦး