မန္တလေးကျုံးဘေးတွင် ငြိမ်းချမ်းရေး အလံတိုင် ၂၀၀ ကျော် စိုက်ထူ (ဓာတ်ပုံ)
Aung Aung Naing
·
February 7, 2017
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ ဘီလမ်း၊ ကျုံးဘေးတွင် ငြိမ်းချမ်းရေး မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်အင်အား ၁၅၀ ကျော်နဲ့ အလံတိုင် ၂၀၀ ကျော်ကို ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က စိုက်ထူကြရာ အောင်မြေသာစံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်က တားမြစ်ပိတ်ပင်ခဲ့တာကြောင့် ၂၆ လမ်း ၈၀ လမ်းမှ ၂၂ လမ်းအထိ နေရာပြောင်းရွှေ့ပြီး ငြိမ်းချမ်းရေးအလံများကို စိုက်ထူနေကြပါတယ်။
ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ကို ဦးဆောင်သူမှာ ဦးမြင့်ချို ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီရုံးရှေ့ ဖြစ်နေတဲ့အတွက် ခွင့်မပြုတာလို့ ဦးမြင့်ချိုက ပြောပါတယ်။