Home
မြန်မာသတင်း
အစိုးရဝန်ကြီးဌာနများ၏ ကြွေးမြီအခြေအနေကို မေးမြန်းနိုင်
DVB
·
February 7, 2017
အစိုးရ၀န်ကြီးဌာနတွေအလိုက် အကြွေးတင်ရှိနေမှုနဲ့ ပတ်သက်ပြီး သိရှိလိုပါက ဝန်ကြီးဌာနအလိုက် ဆက်သွယ်မေးမြန်းနိုင်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက  ပြောပါတယ်။ ''ပြည်ပကြွေးမြီးစာရင်းမှာ ထပ်မံရယူသော ချေးငွေတွေ၊ ပြန်လည်ပေးဆက်နေပြီး အရင်း၊ အတိုးတွေကြောင်း အချိန်နဲ့အမျှ ပြောင်းလဲမှု ရှိနိုင်ပါတယ်။ အဲဒီကြွေးမြီတွေမှာ ၀န်ကြီးဌာန တခုချင်းအလိုက် လက်အောက်ခံဌာန အဖွဲ့အစည်းတွေမှာ အချိန်နဲ့အမျှ အပြောင်းအလဲ ဖြစ်ပေါ်နေမှာ ဖြစ်တဲ့အတွက် သိလိုတဲ့ ဝန်ကြီးဌာနအလိုက် ဆက်သွယ်မေးမြန်း သိရှိနိုင်ပါတယ်" ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့အမတ် ဦးခင်ချို မေးမြန်းတဲ့ အစိုးရသစ် တာဝန်ယူရတဲ့ ၂၀၁၆ ဧပြီ ၁ရက်နေ့ရှိ  ၀န်ကြီးဌာနတခုချင်းစီရဲ့ ရရန်ရှိတဲ့ ကြွေးမြီတွေနဲ့ ပေးရန်ရှိတဲ့ ကြွေးမြီတွေအခြေအနေကို အများသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ သတင်း - အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024