မြန်မာလေပိုင်နက်ထဲ ပျံသန်းသည့် နိုင်ငံတကာလေယာဉ်များက အခွန်ငွေ နိုင်ငံတော်ကိုပေးသွင်း

မြန်​မာနိုင်​ငံ ​လေပိုင်​နက်​က ပျံ​သန်းတဲ့ နိုင်​ငံတကာ​လေ​ယာဉ်​​တွေဆီက ​ကောက်​ခံရတဲ့ အခွန်​​ငွေ​တွေကို နိုင်​ငံ​တော်​အစိုးရကို အပတ်​စဉ်​​ပေးသွင်း​နေတယ်​လို့ ပို့​ဆောင်​​ရေးနှင့် ဆက်​သွယ်​​ရေးဝန်​ကြီးဌာနက ​ပြောပါတယ်​။ “မြန်​မာနိုင်​ငံ ​လေပိုင်​နက်​က​နေ ဖြတ်​သန်း​မောင်းနှင်​​နေတဲ့ နိုင်​ငံတကာ ​လေ​ကြောင်းလိုင်း​တွေ က​နေ ​လေယာဉ်​ဖြတ်​​ကျော်​ ပျံသန်းမှုဝန်​​ဆောင်​ခ ​ကောက်​ခံလျက်​ရှိပါတယ်​။ ၁၉၃၄ ခုနှစ်​ ​လေ​ကြောင်းဥပ​ဒေကို အ​ခြေခံပြီး ၁၉၄၈ ခုနှစ်​က​နေ စတင်​ပြီး ​လေယာဉ်​အများဆုံး အ​လေးချိန်​အ​ပေါ် အပြည်​ပြည်​ဆိုင်​ရာ​လေ​ကြောင်းအဖွဲ့ချုပ်​ လမ်းညွှန်​ချက်​နဲ့အညီ တိုးမြှင့်​​ကောက်​ခံ​နေပါတယ်​။ ​ကောက်​ခံရရှိတဲ့ အခွန်​​ငွေ​တွေကို​တော နိုင်​ငံ​တော်​အစိုးရကို အပတ်​စဉ်​​ပေး​အပ်​​နေပါတယ်​” လို့ ပို့​ဆောင်​​ရေးနှင့်​ဆက်​သွယ်​​ရေးဝန်​ကြီးဌာန ဒုဝန်​ကြီး ဦး​ကျော်​မျိုးက ​ပြောပါတယ်​။ ပွင့်​ဖြူမဲဆန္ဒနယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးထွန်းထွန်း​ မေးမြန်းတဲ့ နိုင်​ငံတကာ ​လေ​ကြောင်းလိုင်းများမှ မြန်​မာနိုင်ငံ ​ဝေဟင်​ပိုင်​နက်​များတွင်​​ ​နေ့စဉ်​ ဖြတ်​သန်း​မောင်းနှင်​လျက်​ရှိ​သော ​အပြည်​ပြည်​ဆိုင်​ရာ​လေယာဉ်​များအား မည်​သည့်​ဝန်​ကြီးဌာနမှ မည်​သည့်​ခုနှစ်​တွင်​ စတင်​၍ အခွန်​မည်​မျှ စည်းကြပ်​​ကောက်​ခံပြီး ​ကောက်​ခံရရှိသော အခွန်​ဘဏ္ဍာများအား မ​​ည်​သည့်​​နေရာတွင်​ သုံးစွဲသည်​ကို သိလိုခြင်း​ မေးခွန်းအ​ပေါ် ပြန်​လည်​​ဖြေဆိုခဲ့တာပါ။ လက်​ရှိအချိန်​ထိ မြန်​မာနိုင်​ငံ ​လေပိုင်​နက်​က ပျံသန်းသွား​နေတဲ့ နိုင်​ငံ​တကာ​လေယာဉ်​အစီး ၆၀၀ ​ကျော်​က​နေ ​နေ့စဉ်​ အခွန်​​ကောက်​ခံ​နေတယ်​လို့ ဝန်​ကြီးဌာနက ​ပြောပါတယ်​။ သတင်း - အောင်ဆန်းဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up