သျှမ်းအမျိုးသားနေ့ စာပေနှင့်ယဉ်ကျေးမှု အခမ်းအနား မန္တလေးတက္ကသိုလ်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
February 7, 2017
နှစ် (၇၀) ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ စာပေနှင့်ယဉ်ကျေးမှု အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့က မန္တလေးမြို့ မန္တလေးတက္ကသိုလ် အင်းဝကျောင်းဆောင်မှာ ကျင်းပခဲ့ပါတယ်။
မန္တလေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပပြီး ရှမ်းတိုင်းရင်းသားများနှင့် ၇ မြို့ရှိ တက္ကသိုလ်ကျောင်းက ရှမ်းတိုင်းရင်းသူတိုင်းရင်းသားများစုပေါင်းပြီး စာပေနှင့်ယဉ်ကျေးမှု မပပျောက်ဖို့ ကျင်းပနေပါတယ်။
သတင်းဓာတ်ပုံ-အောင်အောင်