တိုက်စစ်မှူး အဂူရိုကို ရောင်းရန်အစီအစဉ်မရှိဟု မန်စီးတီး ပြော

ဓာတ်ပုံ - ရိုက်တာ
မန်စီးတီးအသင်းက တိုက်စစ်မှူး အဂူရိုကို လာမယ့် နွေရာသီမှာ ရောင်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုထားပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်ဘောလုံးရာသီ အစောပိုင်းမှာ မန်စီးတီးအသင်းနဲ့ ၃ နှစ်စာချုပ်သက်တမ်း တိုးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ဆွမ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲစကတည်းက ပါဝင်ခွင့် မရခဲ့ပါဘူး။ အာဂျင်တီးနား တိုက်စစ်မှူးကတော့ အသင်းမှာ ဆက်နေချင်ကြောင်း ပြောဆိုထားပါတယ်။ ဗြိတိသျှ ဘောလုံးအကဲခတ်တွေကတော့ လတ်တလော မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဂျီးဆက်အနေနဲ့ တိုက်စစ်မှူး အဂူရိုရဲ့နေရာမှာ အစားထိုး ဝင်ရောက်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သုံးသပ်ထားပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဂျီးဆက်ဟာ ကစားခွင့်ရတဲ့ ၃ ပွဲမှာ ၃ ဂိုး သွင်းယူထားလို့ မန်စီးတီး နည်းပြက ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မန်စီးတီးနည်းပြကတော့ တိုက်စစ်မှူး အဂူရိုဟာ အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားတဦးအဖြစ် ဆက်ရှိနေသေးတယ်လို့ ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up