အွန်လိုင်းပေါ် နာမည်ကျော်နေသည့် တစ္ဆေခြောက်သည့် အကျဉ်းထောင် (ရုပ်သံ)

ဒီ ကြက်သီးမွေးညင်းထစရာကောင်းတဲ့ ရုပ်သံဗွီဒီယိုဖိုင်က ဒီအကျဉ်းထောင်ထဲမှာ တကယ့်ကို သရဲတစ္ဆေခြောက်တယ်လို့ ယုံကြည်သွားစေနိုင်ပြီး အွန်လိုင်းပေါ်မှာ နာမည်ကျော်နေခဲ့ပါတယ်။ ဒါဟာ ဘရာဇီးနိုင်ငံမှ ကမ်ပို ဂရန်းဒ် အကျဉ်းထောင်မှာ ဖြစ်ခဲ့တာဖြစ်ပြီး မူလကတော့ အကျဉ်းထောင်ဝန်ထမ်းတွေဟာ စီစီတီဗွီကင်မရာတွေက ဖမ်းယူရရှိတဲ့ ပုံရိပ်ကို အကျဉ်းသားတဦးက ထောင်ဖောက်ပြေးဖို့ ကြံစည်တာဖြစ်မယ်လို့ ယူဆပြီး လုံခြုံရေးကို တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပဟေဠိဆန်ပြီး လျှို့ဝှက်နက်နဲတဲ့ အနက်ရောင် အရိပ်မည်းကြီးတခုဟာ လုံခြုံမှုအမြင့်ဆုံးလို့ ဆိုနိုင်တဲ့ နံရံတွေကို ဖြတ်ပြီး ပေါလောမျောသွားနေခဲ့တာကို တွေ့ရပါတယ်။ ခုသီတင်းပတ်ထဲမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပြီး ရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတွေက ဒါဟာ သရဲတစ္ဆေပုံရိပ်ဖြစ်တယ်လို့ ယုံကြည်နေကြတာပါ။ “ဒါဟာ အကျဉ်းသားတယောက်ရဲ့ ဝိညာဉ်၊ ဒါမှမဟုတ် နာနာဘာဝ သရဲတစ္ဆေတကောင်သာဖြစ်မယ်” လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြည့်ရှုသူတဦးက ရေးခဲ့ပါတယ်။ နောက်တဦးကတော့ ဒါဟာ အနက်ရောင် အမှိုက်အိတ်တလုံးသာ ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။ အကျဉ်းထောင်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ အကျဉ်းထောင်တွင်း သရဲတစ္ဆေပုံရိပ်ကို လုံခြုံရေးကင်မရာမှတဆင့် ဖမ်းမိတယ်ဆိုတာ ငြင်းဆိုထားပါတယ်။ ဒါဟာ အကျဉ်းထောင်တွင်း တယောက်ယောက်ရဲ့ လှုပ်ရှားမှုကို ဖမ်းယူရရှိခဲ့တာသာဖြစ်မယ်လို့ ပြောဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up