တန်းမဆင်းရရေး ခက်ခက်ခဲခဲ ရုန်းကန်ရတော့မည်ဟု လက်စတာဂိုးသမား ပြော

ဓာတ်ပုံ - ရိုက်တာ
တန်းမဆင်းရဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာဖြစ်တယ်လို့ လက်စတာအသင်းဂိုးသမား ရှမိုက်ကယ်က ပြောလိုက်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လက်စတာအသင်းဟာ လက်ရှိအချိန်မှာ ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး တန်းဆင်းဇုန်က အသင်းတွေရဲ့အထက် ရမှတ်တမှတ်အသာနဲ့ပဲ ရပ်တည်နေပါတယ်။ အသင်းသားတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်က ချန်ပီယံဖြစ်ခဲ့တာကိုမေ့ထားပြီး လက်ရှိအချိန်မှာ ရလဒ်ကောင်းရယူဖို့ လိုတယ်လို့လည်း ရှမိုက်ကယ်က ပြောပါတယ်။ အသင်းသားတွေအနေနဲ့ ယုံကြည်မှုပျောက်ဆုံးနေပြီး  လာမယ့်ပွဲတွေမှာ အမှားဆက်လုပ်လို့ မရတော့ဘူးလို့လည်း ရှမိုက်ကယ်က သတိပေးပြောဆိုထားပါတယ်။ လက်စတာနည်းပြ ရိုင်နရီကတော့ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် စိတ်ပျက်မိပေမယ့် နောက်ဆုံးအချိန်အထိ ကြိုးစားကစားသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up