Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် တရားမဝင် သစ်ခွဲစက် ၃ လုံးနှင့် သစ်ခွဲသားများ ဖမ်းမိ
DVB
·
February 7, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ ဖေဖော်ဝါရီ ၅ ရက် မနက်က တရားမဝင် သစ်စက်နဲ့အတူ သစ်ခွဲသားတွေကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ အင်းတော်မြို့နယ်၊ လယ်ပြင်ကျေးရွာအုပ်စု၊ ဂဟဲကျေးရွာနဲ့ ရွာဟောင်းကျေးရွာအနီး ကလုံ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်ခွဲစက်လည်နေတဲ့ သတင်းအရ သစ်တောနဲ့ ရဲ ပူးပေါင်းအဖွဲ့က တရားမဝင် သစ်ခွဲစက်တွေကို ရှာဖွေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ကျွန်းခွဲသားဆိုက်စုံ ၂၃၉ ချောင်း ၃ ဒသမ ၄၉၁၄ တန်၊ ကျွန်းသစ် ၈ လုံး ၂ ဒသမ ၁၃၀ တန်၊ သစ်ခွဲစက် ၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တာပါ။ ဒါ့အပြင် ဂဟဲကျေးရွာနဲ့ ရွာဟောင်းကျေးရွာအနီးက တဲအတွင်းမှာ အင်သစ်ခွဲသား ဆိုက်စုံ ၁၅၃ ချောင်း ၃ ဒသမ ၄၄၈၄ တန် ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် သစ်ခွဲစက်နဲ့ သစ်ခွဲသားတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူထားပြီး အမြန်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနမှ သိရှိရပါတယ်။ သတင်း - သီဟဆွေ(ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024