အလုပ်သမား၏ခေါင်းကို ခြေထောက်ဖြင့်ကန်ခဲ့သည့် အထည်ချုပ်စက်ရုံတာဝန်ခံကို တရားရုံးတင်
DVB
·
February 6, 2017
အလုပ်သမားတဦးရဲ့ ဦးခေါင်းကို ခြေထောက်နဲ့ကန်ခဲ့တဲ့ ဟန်ကျို့ပိုင်ရီ အထည်ချုပ်စက်ရုံ တာဝန်ခံ တရုတ်နိုင်ငံသားကို လှိုင်သာယာမြို့နယ်တရားရုံးမှာ တရားရုံးတင်လိုက်ပါတယ်။
ဒီကနေ့ မနက် ၉ နာရီမှာ မြို့နယ်ရဲတာဝန်ခံ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်းပေးဖို့ မြို့နယ်ရဲစခန်းမှာ ချိန်းဆိုခဲ့ပေမယ့် မနက် ၁၁ နာရီအထိ စက်ရုံ တာဝန်ခံတွေက မလာရောက်ခဲ့တာကြောင့် အခုလိုတရားရုံးတင်ခဲ့တာပါ။
ဖေဖော်ဝါရီ ၄ ရက်နေ့က စက်ရုံကထမင်းချက် အလုပ်သမားတဦး အလုပ်ချိန်ပြင်ပမှာ အိပ်နေချိန် စက်ရုံတာဝန်ခံ ကြောင်လက်သည်း (ခ) ချိန်ဟုန်းဝိန်က စက်ရုံအလုပ်သမား ကိုကျော်ဇင်သက်ရဲ့ ငယ်ထိပ်ကို ခြေထောက်နဲ့ကန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အတွက် အကန်ခံရတဲ့ အလုပ်သမားကို ပြန်တောင်းပန်ဖို့ တောင်းဆိုခဲ့ပေမယ့် စက်ရုံတာဝန်ခံက ငြင်းဆန်ခဲ့တာကြောင့် ရဲစခန်းမှာ သွားရောက် အမှုဖွင့်တိုင်ကြားခဲ့တာပါ။