မူးယစ်ဆေးဝါးသုံးစွဲသူများကို ဆက်လက်ဖမ်းဆီးမည်ဟု ဖိလစ်ပိုင်ရဲချုပ် ပြော

ဓာတ်ပုံ - ရိုက်တာ
သမ္မတ ရိုဒရီဂို ဒူတာတေးက သူ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်ကို ရပ်ဆိုင်းဖို့ အမိန့်ပေးထားပေမယ့် မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဆက်လက်ဖမ်းဆီးသွားမယ့်အကြောင်း ဖိလစ်ပိုင်ရဲချုပ် ရော်လ်နယ်ရိုဆာက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိလိစ်ပိုင်ရဲချုပ် ရိုဆာက “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ် ရပ်လိုက်တဲ့အတွက် ရောင်းဝယ်သုံးစွဲသူတွေ ပိုများလာကြောင်း၊ ရဲတွေ မဖမ်းတော့ဘူးလို့ ထင်နေကြောင်း၊ ဒီ့အတွက် မူးယစ်ဆေးဝါးရောင်းဝယ်သူ သုံးစွဲသူတွေတွေ့ရင်၊ ရာဇဝတ်မှုကျူးလွန်သူ တွေ့ရင် ချက်ချင်းဖမ်းဆီးဖို့ သူအမိန့်ပေးထားကြောင်း” ရှင်းပြသွားပါတယ်။ ဒီ့နောက်ဆက်ပြီး “အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုအပေါ် ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးတွေက ပြင်းပြင်းထန်ထန်ဝေဖန်ပြီး အကြမ်းဖက်သမားတွေအဖြစ် စွပ်စွဲခဲ့ကြောင်း၊ ကက်သလစ်ဘုန်းတော်ကြီးတွေဟာ မူးယစ်ဆေးဝါးပြဿနအနဲ့ ပတ်သက်ပြီး ဘာမှနားမလည်ကြောင်း” လည်း ဖိလစ်ပိုင်ရဲချပ် ရော်နယ်ရိုဆာက ဝေဖန်ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up