Home
မြန်မာသတင်း
ဝါးစိုက်​ပျိုး​ရေးကဏ္ဍ ဖွံ့ဖြိုး​ရေး တိုက်တွန်းကြောင်းအဆို ဆွေးနွေးရန် လွှတ်တော်အတည်ပြု
DVB
·
February 6, 2017
ဝါးစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် နိုင်ငံတော်အစိုးရက ဦးဆောင်ပါဝင်ဖို့ တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။ “ကန့်ကွက်သူရှိတဲ့အတွက် ဦးခင်ချို လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တင်သွင်းတဲ့ ဝါးစိုက်ပျိုးရေးကဏ္ဍ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်းအောင်မြင်လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင် အားစိုက်ပါဝင်ဆောင်ရွက်ရေး တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်” လို့ ပြည်သူ့လွှတ်တော်ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောပါတယ်။ ဝါးစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် နိုင်ငံအစိုးရက ဦးဆောင်ပါဝင်ဖို့ တိုက်တွန်းတဲ့အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့အပြင် နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ စီးပွားရေးပါ ကောင်းမွန်လာမယ်လို့ အဆိုရှင် ဦးခင်ချိုက ပြောပါတယ်။ “မြန်မာနိုင်ငံမှာ သစ်တောတွေကလည်း မရှိတော့သလောက် ဖြစ်နေပြီ။ ဝါးစိုက်ပျိုးတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။ အရမ်းပူတဲ့ဒေသတွေမှာဆို ဝါးပင်တွေ စိုက်ပျိုးသင့်တယ်။ ဝါးကနေ အသုံးအဆောင်နဲ့ အဆောက်အအုံတွေ လုပ်ဆောင်နိုင်မယ်ဆိုရင် နိုင်ငံခြားခရီးသွားကဏ္ဍကိုပါ အထောက်ကူပြုတယ်။ အဲကနေ နိုင်ငံတော်အတွက် အခွန်ငွေတွေ ရသလို ပြည်သူတွေအတွက်လည်း ဝင်ငွေတိုးလာမယ်။ နိုင်ငံခြားသားတွေက သဘာဝ အဆောက်အအုံတွေကို ပိုနှစ်သက်ကြတယ်။ ခရီးသွားကဏ္ဍလည်း ပိုပြီးတော့ ဖွံ့ဖြိုးလာမယ်” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ပြောပါတယ်။ ဦးခင်ချိုရဲ့ အဆိုအပေါ် ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ နောက်ဆုံးထား စာရင်းပေးသွင်းရမယ်လို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။ သတင်း - အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024