Home
မြန်မာသတင်း
လှိုင်သာယာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း လာကြည့်သူ နည်းပါး
ကိုမောင်
·
February 5, 2017
လှိုင်သာယာမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကပ်ထားတာ ၅ ရက်ရှိလာဖြစ်ပေမယ့် လာရောက်ကြည့်ရှုသူ နည်းပါးနေသေးတယ်လို့ လှိုင်သာယာမြို့နယ်အတွင်းက ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက ပြောပါတယ်။ မဲစာရင်းမကပ်ခင် ညဘက်ကတည်းက ရပ်ကွက်အတွင်းမှာ လိုက်လံကြော်ငြာနှိုးဆော်ထားပေမယ့် ခုချိန်ထိလာကြည့်သူနည်းနေသေးတယ်လို့ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးပြေစိန်ကပြောပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းမှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃ သိန်းကျော်ရှိပြီး မှားယွင်းပြင်ဆင်တာတွေ ရှိနိုင်တဲ့အတွက် ဒုတိယအကြိမ်မဲစာရင်းထွက်မှသာ မဲပေးနိုင်သူဦးရေကို အတိအကျသိနိုင်မယ်လို့ လှိုင်သာယာမြို့နယ်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ ဧပြီ ၁ ရက် ကျင်းပ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၉ ခုအတွက် ပါတီပေါင်း ၂၄ ခုက ကိုယ်စားလှယ်ပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024