အမေဇုန်တောနက်ထဲက မြွေဟောက်ဘုရင်နှင့် စပါးအုံးမြွေတို့ တိုက်ပွဲ (ရုပ်သံ)

အမေဇုန်တောကြီးအတွင်း တိရစ္ဆာန်တွေဟာ အစားအစာအတွက် တကောင်နဲ့ တကောင် တိုက်ခိုက် သတ်ဖြတ်နေကြရတာပါ။ ယူကျု့မှာ ဇန်နဝါရီ ၃၁ ရက်က ဖော်ပြထားတဲ့ ရုပ်သံဗွီဒီယိုထဲမှာတော့ မြွေဟောက်ဘုရင်က သူ့ရဲ့အစာအဖြစ် စပါးအုံးမြွေတကောင်ကို တိုက်ခိုက်သတ်ဖြတ်နေတာကို တွေ့မြင်ရမှာပါ။ ရုပ်သံဖိုင်ထဲမှာတော့ မြွေဟောက်ဘုရင်က အစာရှာရင်း စပါးအုံးမြွေတကောင်ကို တွေ့သွားတဲ့အခါ ကိုက်လိုက်ပါတယ်။ စပါးအုံးမြွေကလည်း ရှောင်လိုက်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားပါတယ်။ စပါးအုံးမြွေက ရှောင်ရင်း ပြန်တိုက်ခိုက်ဖို့ကြိုးစားရင်း ရုန်းကန်နေရပေမယ့် နောက်ဆုံးမှာ မြွေဟောက်ဘုရင်က စပါးအုံးရဲ့ခေါင်းကို ခဲမိသွားတာ တွေ့ရပါတယ်။ အဲဒီနောက် စပါးအုံးမြွေကြီးဘယ်လိုမှ မရုန်းနိုင်တော့ဘဲ မြွေဟောက်ဘုရင်ရဲ့ ခေါင်းကနေ တဖြည်းဖြည်း အမြီးထိ စားတာကို ခံလိုက်ရပါတယ်။ မြွေဟောက်ဘုရင်က သူရဲ့အစာဖြစ်တဲ့ အခြားမြွေတကောင်ကို အစကနေ အဆုံး ဘယ်လို စားသလဲဆိုတာကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up