လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် ရီမုမိုင်းတလုံး တွေ့ရှိ
DVB
·
February 5, 2017
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးရဲ့ တောင်စောင်းတခုပေါ်မှာ ရီမုမိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးအား ပြုပြင်နေတဲ့ လမ်းလုပ်သားတွေရဲ့ မိုင်းတလုံးတွေ့ရှိကြောင်း သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းက ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီလောက်က မိုင်တိုင်အမှတ် ၊ ၂၆၉/၅ အနီးရှိ လမ်းမကြီးရဲ့ အနောက်ဘက် ၅ ပေလောက်အကွာ တောင်စောင်းမှာ အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရှေ့ထွက်မိုင်းတစ်လုံး၊ ဒီတိုနေတာနှစ်ခုနဲ့ ဘက်ထရီခြောက် တစ်ခုတို့ကို အဝေးထိန်းစနစ်နဲ့ ဆက်သွယ်ထားတဲ့ မိုင်းတလုံးကို သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။