အမိန့်သစ်ကို ရုပ်သိမ်းလိုက်သည့် တရားသူကြီးအား သမ္မတထရမ့် ပြင်းပြင်းထန်ထန်တုံ့ပြန်

သမ္မတထရမ့်ရဲ့ အမိန့်သစ်ကို ဆီးလ်တဲလ်ခရိုင်တရားသူကြီး ဂျိမ်းစ်ရောဘတ်က ရုပ်သိမ်းပေးလိုက်တဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဒါးလက်စ်လေဆိပ်မှာ မွတ်စလင်နိုင်ငံ ၇ ခုကနေ ၀င်ရောက်လာသူတွေနဲ့ ပြည့်နေပါတယ်။ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆူဒန်၊ ယီမင်၊ ဆီးရီးယားနဲ့ ဆိုမာလီးယားနိုင်ငံတွေက ၀င်ရောက်လာသူတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတ ထရမ့်ရဲ့အမိန့်ကြောင့် လေဆိပ်အသီးသီးမှာ တားဆီးခံခဲ့ရပါတယ်။ တရားသူကြီး ဂျိမ်းစ် ရောဘတ်က အဲ့ဒီအမိန့်ကို သောကြာနေ့က ရုပ်သိမ်းပေးလိုက်တဲ့အတွက် ဒီကနေ့မှာ တားဆီးခံထားရသူတွေ အမေရိကန်ပြည်ထောင်စုကို အလုအယက် ၀င်ရောက်လာကြပါတယ်။ ဒီ့အတွက် သမ္မတ ထရမ့်က ဆီးလ်တဲခရိုင်တရားသူကြီး ဂျိမ်းစ် ရောဘတ်ကို ပုဂ္ဂိုလ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။ “တရားသူကြီးလို့ အမည်ခံထားတဲ့ ဒီပုဂ္ဂိုလ်ရဲ့အမြင်က တရားဥပဒေကို ကျနော်တို့ တိုင်းပြည်ရဲ့အဝေးဆီ ယူဆောင်သွားခဲ့ပြီး ဒါဟာ စိတ်ပျက်စရာကေင်းတယ်” လို့ သမ္မတ ထရမ့်က သူ့ရဲ့Twitter-စာမျက်နှာမှာ စနေနေ့အစောပိုင်းက ရေးသားဖော်ပြခဲ့ပါတယ်။ သူ့ရဲ့အမိန်သစ်ဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို တားဆီး ဖို့ဖြစ်တယ်လို့လည်း ထရမ့်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရေးအဖွဲ့ဝင်တွေဟာ လွှတ်တော်နဲ့ သမ္မတလို အမြင့်ဆုံးအာဏာရှိသူတွေရဲ့ လုပ်ပိုင်ခွင့်နဲ့အမိန့်အာဏာတွေကို စစ်ဆေးခွင့် ပြင်ဆင်ခွင့်ရရှိထားပါတယ်။ ဒီ့အတွက် ဆီးလ်တဲခရိုင်တရားသူကြီး ဂျိမ်းစ်ရောဘတ်ကို သမ္မတ ထရမ့်ရဲ့ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်မှုဟာ ထူးဆန်းနေကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတ ထရမ့်က ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ မလုပ်တော့ဘဲ သူလွတ်လွတ်လပ်လပ် ပြောဆိုခွင့် အမိန့်ထုတ်ခွင့်မရတဲ့အပေါ် စိတ်ပျက်ကြောင်းသာ Twitter စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up