စီရော်နယ်ဒို ၀င်ငွေအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်

အမေရိကန်စီးပွားရေး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes ကထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ်အတွက် ၀င်ငွေ အများဆုံးရရှိသည့် အားကစားသမားစာရင်းမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပေါင် ၇၀.၆သန်းနဲ့ ၀င်ငွေအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ဘာစီလို နာတိုက်စစ်မှူး လီ ယွန်နယ်မက်ဆီက ပေါင် ၆၅ သန်းနဲ့ ဒုတိယ၀င်ငွေအများဆုံးရရှိတဲ့ ကစာသမားဖြစ်ခဲ့ပါတယ်။ တတိယနေရာမှာ အမေရိကန်ဘက်စ်ကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်က ပေါင် ၆၁.၉ သန်း နဲ့ ရပ်တည်နေပြီး တင်းနစ်ကစာသမား ရော်ဂျာဖက်ဒရာက ပေါင် ၅၄.၄ သန်းနဲ့ စတုတ္ထ၊ အမေရိ ကန်ဘက်စကတ်ဘောကစားသမား ကီဗင်ဒူရန့်က ပေါင် ၄၅.၁ သန်းနဲ့ ပဉ္စမနေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ၀င်ငွေအများဆုံးရရှိတဲ့ အားကစားသမား အယောက်၂၀ စာရင်းမှာ ဂေါက် သီးအားကစားသမားတွေဖြစ်တဲ့ တိုက်ဂါးဝုဒ်၊ ဖီးလ်မစ်ကယ်လ်ဆန်၊ ဖော်မြူလာဝမ်း ကောင်းမောင်းသမားတွေဖြစ်တဲ့ ဟာမီတန်၊ ဗက်တဲလ် စတဲ့ ကစား သ မားတွေ ပါဝင်ခဲ့ပါတယ်။ ဘောလုံးအားကစားသမားတွေထဲမှာတော့ စီရော်နယ်ဒိုနဲ့မက်ဆီနှစ်တို့ကလွဲလို့ အခြား ဘော လုံးကစားသမားတွေကတော့ ထိပ်ဆုံး အယောက်၂၀ စာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up