ချင်းမိုင် ပန်းပွဲတော် ကျင်းပ
DVB
·
February 4, 2017
၄၁ ကြိမ်မြောက် ချင်းမိုင်ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပနေပါတယ်။
ပထမနေ့ ၃ ရက်နေ့မှာ ပြခန်းတွေ၊ ပန်းဈေးတန်းတွေ စတင်ဖွင့်လှစ်ပြီး ပန်းအလှပြယာဉ် ၁၆ စီး၊ ဘင်ခရာ အဆိုအကအဖွဲ့တွေကတော့ ၄ ရက်နေ့မနက်မှ မြို့တွင်းလှည့်လည်ပါတယ်။
အလှပြယာဉ်တွေနဲ့ ပန်းအမျိုးအစားအလိုက် ပြိုင်ပွဲတွေကို ၅ ရက် ညနေပိုင်းမှာ ဆုတွေပေးမှာပါ။
နှစ်စဉ် ဖေဖော်ဝါရီ ပထမပတ်မှာ ပြုလုပ်လေ့ရှိတဲ့ ချင်းမိုင်ပန်းပွဲတော်ဟာ နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားတဲ့ ဆွဲဆောင်မှုတခုလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ပြည့်စုံ