Live
Home
မြန်မာသတင်း
မြန်မာ-ကမ္ဘောဒီးယား လေကြောင်းခရီးစဉ်များ ပြန်စတင်ရန် ခေါင်းဆောင်နှစ်ဦး ဆွေးနွေး
DVB
·
February 4, 2017
နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရေး၊ ကျောင်းသားများအပြန် အလှန် စေလွှတ်ရေး အပါအ၀င် ကိစ္စရပ်အတော်များများကို  မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်းဆောင်တို့ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့  နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်တို့ဟာ ဒီနေ့မနက်ပိုင်းက  ငြိမ်းချမ်းရေးနန်းတော်(Peace Palace )မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှု ပိုမိုတိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပူပေါင်းမြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရေး၊ ပညာရေးကဏ္ဍအပိုင်းမှာ ကျောင်းသားတွေ အပြန်အလှန်စေလွှတ်ရေး၊ ဘာသာစကားများ အပြန်အလှန်လေ့လာသင်ကြားနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းများအပါအဝင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများအား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ အား အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၃ ရက်ကစတင်ခဲ့တဲ့ သမ္မတ ဦးထင်ကျော်ရဲ့   ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရေးခရီးဟာ ၅ ရက်တာကြာမြင့်မှာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024