ပြတိုက်ထဲ ဓားကိုင်ဝင်ရောက်ရန် ကြိုးစားသူအား ပစ်ခတ်ဖမ်းဆီးခဲ့သူများကို ပြင်သစ်သမ္မတချီးကျူး

Police officers take position outside the Louvre museum in Paris,Friday, Feb. 3, 2017. Paris police say a soldier has opened fire outside the Louvre Museum after he was attacked by someone, and the area is being evacuated. (AP Photo/Thibault Camus)
ပါရီမြို့က လူဗာပြတိုက်ထဲ ဓားကိုင်ပြီးဝင်ရောက်ဖို့ ကြိုးစားသူကို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ စစ်သားတွေကို  ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်က ဖေဖော်ဝါရီ ၃ ရက်နေ့က ချီးကျူးပြောဆိုလိုက်ပါတယ်။ လူဗာပြတိုက်ဟာ ပြင်သစ်နိုင်ငံရဲ့အထင်ကရ သမိုင်းဝင်အဆောက်အဦဖြစ်သလို ကမ္ဘာ့အကြီးဆုံးပြတိုက်လည်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်သမ္မတက “စစ်သားတွေရဲ့ သတ္တိ၊ ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ မြန်မြန်ဆန်ဆန်တုံ့ပြန်မှုတွေအတွက် ကျနော် ချီးကျူးပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ လူစည်ကားရာနေရာတွေမှာ ကျနော်တို့ပြည်သူတွေကို ကာကွယ်ပေးနေတဲ့ ဆန်တီနယ်လယ် စစ်ဆင်ရေးရဲ့ လုံလောက်တဲ့အင်အားကို ကျနော် ထုတ်ဖော်ချီးကျူးလိုပါတယ်။ ဒါ့ကြောင့် လူဗာပြတိုက် တိုက်ခိုက်မှုကို ကာကွယ်နိုင်တာပါ”လို့ ပြောကြားသွားပါတယ်။ ဒီ့နောက်ဆက်ပြီး “ဆန်တီနယ်လယ် စစ်ဆင်ရေးက ဒါကို လုပ်နိုင်ခဲ့ပါတယ်။ စစ်သားတွေကိုတောင်ပစ်မှတ်ထားပြီး အကြမ်းဖက်မှုအဆင့် တိုက်ခိုက်လာမယ်ဆိုရင် ဒါကို တားဆီးနိုင်ပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုကို တရားဥပဒေနဲ့အညီ စီရင်ဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။  ဒီကိစ္စကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့ ၀န်ကြီးနှစ်ဦး တာဝန်ယူပြီး ကြီးကြပ်နေပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်မှုက ဒီနေရာမှာဖြစ်နေပါတယ်။ အခုထိ ကျန်နေတုန်းပါပဲ။ ဒါကို ကျနော်တို့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီ့အတွက်ကြောင့်ပဲ တပ်တွေကို ပြောင်းရွှေ့လိုက်တာပါ။ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ ဆက်လုပ်သွားပါမယ်” လို့ ပြင်သစ်သမ္မတက ရှင်းပြသွားပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့က လက်မှာဓားမကိုင်ပြီး ကျောမှာအိတ်နှစ်လုံး သယ်ဆောင်လာသူတစ်ဦးဟာ ပါရီမြို့ရှိ လူဗာပြတိုက်ထဲ ၀င်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ့အဖြစ်အပျက်ကို ကင်းလှည့်နေတဲ့ စစ်သားတွေကတွေ့ရှိပြီး အရှင်ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ၂၀၁၅-ခုနှစ် နိုဝင်ဘာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးကတည်းက အရေးပေါ်အခြေအနေကြေညာထားပြီး “ဆန်တီနယ်လယ်” လို့ခေါ်တဲ့ အထူး စစ်ဆင်ရေးစခဲ့ပါတယ်။ အဲ့ဒီစစ်ဆင်ရေးအရ လက်ဖြောင့်စစ်သားတွေဟာ ပါရီမြို လူစည်ကားရာနေရာတွေမှာ မျက်ခြည်မပြတ်ကင်းလှည့်ရင်း ပြင်သစ်ပြည်သူတွေကို အကာအကွယ်ပေးနေကြောင်း ဒီကနေ့ ပါရီကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up