ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြည်မြို့တွင် အမှိုက်ကောက်
မင်းညို
·
February 4, 2017
ပဲခူးတိုင်း၊ ပြည်မြို့မှာ လူအင်အားထောင်ချီပြီး စုပေါင်း အမှိုက်ကောက်ပွဲတခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲကို ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး ဌာနဆိုင်ရာပေါင်းစုံနဲ့ ပြည်သူတွေ အတူတကွ ၀င်ရောက်ကောက်ခဲ့ကြပါတယ်။
မနက် ရ နာရီထိုးမှာ စုရပ် ၅ နေရာကနေ ရွှေတချောင်းလမ်း၊လမ်းမတော်လမ်း ပြည်ရန်ကုန်လမ်း ဗိုလ်ချုပ်လမ်း၊ န၀ဒေးလမ်း၊ ဘုရင်နောင်လမ်းတလျှောက် အဖွဲ့ ၅ ဖွဲ့ခွဲပြီး ကောက်ခဲ့ကြတာပါ။
အခုလိုလုပ်တာက နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ လမ်းညွန်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးအနှံ့ မြို့ကြီးတွေမှာ တနေ့တည်း တပြိုင်တည်း ပြုလုပ်တာလို့ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြောပါတယ်။