တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသင်းဖော် ချိန်ဘာလိန် ချီးကျူး

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ အသင်းအနိုင်ရရှိခဲ့ရင်တောင် မကျေနပ်နိုင်တဲ့ ကစားသမားဖြစ်တယ်လို့ အသင်းဖော် ချိန်ဘာလိန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆန်းချက်ဇ်ဟာ အမြဲတမ်း ဂိုးဖန်တီးမှုတွေ လုပ်ချင်နေသူဖြစ်သလို ဂိုးတွေလည်း အမြဲသွင်းချင်နေသူဖြစ်ပါတယ်။ ဒြါ့ပင် ဆန်းချက်ဇ်ဟာ ပြိုင်ဘက်အသင်းကို ဂိုးပြတ်သွင်းယူပြီး အနိုင်ရခဲ့ရင်တောင် ဂိုးတွေ ပိုရသင့်တယ်ဆိုပြီး သူ့ရဲ့အမှားကို လိုက်လံတောင်းပန်လေ့ရှိသူဖြစ်ပါတယ်။ ယခင်ကလည်း ဆန်းချက်ဇ်ဟာ သူဂိုးမသွင်းနိုင်တဲ့ညဆို အိပ်မပျော်ဘူးလို့ ပြောခဲ့ဖူးတာတွေလည်းရှိပါတယ်။ လက်ရှိအချိန်မှာ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းအတွက် အသင်းဖော်အိုဇေးလ်နဲ့အတူ အရေးပါဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး အာဆင်နယ်အသင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁၇ လ ပဲလိုပါတော့တယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ဆိုရင် လုပ်ခလစာကို တိုးမြှင့်ပေးဖို့ လိုအပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up