ဂျက်တိုက်လေယာဉ်ပုံစံ ပျံဝဲပြသသည့် မီးရှူးမီးပန်းတပ် ဒရုန်းယာဉ် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ဂျက်တိုက်လေယာဉ်တစီးရဲ့ ပုံစံအတိုင်း ပျံဝဲပြသခဲ့တဲ့ ဒရုန်းယာဉ်ကို တီထွင်လွှတ်တင်ခဲ့မှုအတွက် လူငယ်အမျိုးသားတဦးဟာ ဝေဖန်ခံနေရပါတယ်။ သူတီထွင်ခဲ့တဲ့ပုံစံဟာ ဒရုန်းယာဉ်ရဲ့ အစွန်း ၂ ဘက်မှာ မီးရှူးမီးပန်းတွေ တပ်ဆင်ထားပြီး အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်မောင်းနှင်ရတာမျိုး ဖြစ်ပါတယ်။ အဲဒီလူငယ်ဟာ နှစ်သစ်ကူးကာလ အားလပ်ရက်မှာ ခုလိုတီထွင်ခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဇန်နဝါရီ ၃၁ ရက်က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီလူငယ်ဟာ ဒရုန်းယာဉ်ကို မလွှတ်တင်မီ မြေပြင်မှာ မီးရှူးမီးပန်းတွေကို မီးအရင်ညှိခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒရုန်းယာဉ်ဟာ ကောင်းကင်ကို ပျံဝဲတက်သွားခဲ့ကာ မီးရှူးမီးပန်းတွေ တဒိုင်းဒိုင်းနဲ့ မြေပြင်ဆီ ကြဲချတဲ့ပုံစံအတိုင်း လှည့်ပတ်မောင်းနှင်နေခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ဗို့အားမြင့် လျှပ်စစ်ဝါယာကြိုးတွေနဲ့ မြေပြင်က လူတွေ၊ သစ်ပင်တွေဆီ ထိခိုက်လောင်ကျွမ်းစေနိုင်တာမို့ ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up