တခါစား ၅၀၀ ကျပ် ထမင်းဆိုင် စားသုံးသူ များပြား (ဓာတ်ပုံ)
DVB
·
February 3, 2017
ကိုစိုးလှိုင်ဦး၊ သရုပ်ဆောင်ရတနာခင်တို့ ဖွင့်လှစ်တဲ့ ထမင်းတခါစား ၅၀၀ ကျပ်နဲ့ စားသုံးနိုင်တဲ့ ရွှေစားဖွယ်စုံဆိုင်ကို တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်း အမှတ် ၆/၈ မှာ မနေ့က စတင် ဖွင့်လှစ်လိုက်ပြီး စားသုံးသူတွေ အများအပြား လာရောက်နေကြပါတယ်။
အမြတ်အစွန်းကိုအဓိကမထားဘဲ အများပြည်သူတွေ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဖွင့်လှစ်တာပါလို့ ပြောပြပါတယ်။
စားဖွယ်စုံတွေနဲ့ ထမင်းဖြူ.အသားဟင်းတမျိုး၊ အသီးအရွက်ကြော်တွေကို ငွေ ၅၀၀ ကျပ်နဲ့သာ ရောင်းချပေးနေတဲ့အတွက် စားသုံးသူတွေ စည်ကားစွာလာရောက်ဝယ်ယူ အားပေးကြပါတယ်။