ခန္တီးတွင် ကားနှင့်ဆိုင်ကယ် တိုက်၊ ၁ ဦး သေဆုံး
DVB
·
February 3, 2017
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ကားနဲ့ဆိုင်ကယ် တိုက်မိပြီး လူတဦး သေဆုံးခဲ့တယ်လို့ ခန္တီးရဲစခန်းမှာ သိရပါတယ်။
ခန္တီးမြို့ လေယာဉ်ကွင်းအနီးမှာ ညနေ ၅ နာရီလောက်က ဖြစ်ပွားခဲ့တယ်လို့ ခန္တီးရဲစခန်းမှ ဒုရဲအုပ်ကိုဝေဖြိုးက ပြောပါတယ်။
“အခုတိုက်မိတာက ခန္တီးတံတားချဉ်းကပ်လမ်း လုပ်ဆောင်နေတဲ့ မြေသယ်ကား ၁၀ ဘီးကားနဲ့ တိုက်မိခဲ့တာပါ။ မြေသယ်လာတဲ့ ကားနှစ်စီးကို ဆိုင်ကယ်က ကျော်တက်ပြီး ဆိုင်ကယ်မောင်း ကိုဝမ်းကတော့ နေရာတင် သေဆုံးသွားခဲ့ပြီး နောက်လိုက်တယောက်ကို ဖျင်ကတော့ဆေးရုံ ပို့ဆောင်ထားတယ်။”
ကားမောင်းသမား ကိုအောင်မျိုးဝင်ကို ယာဉ်ပ ၁/၂၀၁၇ ရာဇာတ်သတ်ကြီးပုဒ်မ ၃၀၄/၃၈၈ တို့နဲ့ ဒုရဲအုပ် ကိုမင်းမင်းထွန်းက တရားလိုလုပ်ပြီး အမှုဖွင့်ထားကြောင်း ဒုရဲအုပ်ကိုဝေဖြိုးက ဒီဗွီဘီကို ပြောပါတယ်။
သတင်း - အောင်ဆန်းမြင့်