ခန္တီးတွင် ကားနှင့်ဆိုင်ကယ် တိုက်၊ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ကားနဲ့ဆိုင်ကယ် တိုက်မိပြီး လူတဦး သေဆုံးခဲ့တယ်လို့ ခန္တီးရဲစခန်းမှာ သိရပါတယ်။ ခန္တီးမြို့ လေယာဉ်ကွင်းအနီးမှာ ညနေ ၅ နာရီလောက်က ဖြစ်ပွားခဲ့တယ်လို့ ခန္တီးရဲစခန်းမှ ဒုရဲအုပ်ကိုဝေဖြိုးက ပြောပါတယ်။ “အခုတိုက်မိတာက ခန္တီးတံတားချဉ်းကပ်လမ်း လုပ်ဆောင်နေတဲ့ မြေသယ်ကား ၁၀ ဘီးကားနဲ့ တိုက်မိခဲ့တာပါ။  မြေသယ်လာတဲ့ ကားနှစ်စီးကို ဆိုင်ကယ်က ကျော်တက်ပြီး ဆိုင်ကယ်မောင်း ကိုဝမ်းကတော့ နေရာတင် သေဆုံးသွားခဲ့ပြီး နောက်လိုက်တယောက်ကို ဖျင်ကတော့ဆေးရုံ ပို့ဆောင်ထားတယ်။” ကားမောင်းသမား ကိုအောင်မျိုးဝင်ကို ယာဉ်ပ ၁/၂၀၁၇ ရာဇာတ်သတ်ကြီးပုဒ်မ ၃၀၄/၃၈၈ တို့နဲ့ ဒုရဲအုပ် ကိုမင်းမင်းထွန်းက တရားလိုလုပ်ပြီး အမှုဖွင့်ထားကြောင်း ဒုရဲအုပ်ကိုဝေဖြိုးက ဒီဗွီဘီကို ပြောပါတယ်။ သတင်း - အောင်ဆန်းမြင့်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up