Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော်တွင် တပ်မတော်သားအမတ်များ ပထမဆုံးအကြိမ် မေးခွန်းမေးမြန်း
သော်ဇင်မျိုး
·
February 3, 2017
ဖော်ဖော်ဝါရီ ၂ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လမ်းအဆင့်မြှင့်တင်ရေးနဲ့ ပညာရေးကိစ္စ ပထမဆုံးအကြိမ် မေးခွန်းမေးမြန်းခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအနိုင်ရပြီးနောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ကျင်းပခဲ့တာ ၁ နှစ် ပြည့်မြောက်ပြီးနောက် တပ်မတော်သားအမတ်အချို့ ပထမဆုံးအကြိမ် မေးမြန်းခဲ့ကြတာပါ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်မိုးက လမ်းအဆင့်မြှင့်တင်ရေး ဆောင်ရွက်ပေးဖို့နဲ့ ပတ်သက်တဲ့မေးခွန်းနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးကျော်ထွန်းက အန္တရာယ်ရှိတဲ့ မူလတန်းကျောင်းကို ကျောင်းဆောင်သစ်ဆောက်လုပ်ပေးဖို့နဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့တာာ ဖြစ်ပါတယ်။ အခုလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းမေးမြန်းတာဟာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ပြီး အရင်ကတော့ လွှတ်တော်ရေးရာ ကော်မတီအစည်းအစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးတာတွေ ရှိပေမယ့် လွှတ်တော်အစည်းအဝေးတွင်း မေးခွန်းမေးမြန်းတာ၊ အဆိုတွေမှာ ပါဝင်ဆွေးနွေးတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024