Home
မြန်မာသတင်း
ထိုင်း ဒုတိယဝန်​ကြီးချုပ်​မှ နိုင်​ငံ​တော်​သမ္မတနှင့် နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​​တို့အား ​တွေ့ဆုံ
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 2, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dr. Somkid Jatusripitak အဖွဲ့နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က သင်္ဂဟဟိုတယ်မှာ တွေ့ဆုံပြီး နေ့လယ်စာ စားသုံးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖွဲ့ဟာ မနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမဆောင်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေ ထူထောင်ဖို့၊ အခြေခံအဆောက်အဦးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024