Home
မြန်မာသတင်း
ဦးကိုနီ လုပ်ကြံခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် ဧရာဝတီတိုင်းလွှတ်တော်တွင် ဖဲကြိုးနက်ကမ်ပိန်း ပြုလုပ်
သော်ဇင်မျိုး
·
February 2, 2017
ဒီနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြန်လည်စတင်တဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက အန်အယ်လ်ဒီဗဟို ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဖဲကြိုးနက်တွေ တပ်ဆင်ပြီး ကမ်ပိန်းတခု ပြုလုပ်ခဲ့ကြပါတယ်။ လွှတ်တော်တွင်းမှာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်တွေသာမကဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေကလည်း ဖဲကြိုးနက်တွေ တပ်ဆင်ပြီး လွှတ်တော်ကို တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့လွှတ်တော်မှာတော့ ကြယ်ပွင့်ပြမေးခွန်း ၄ ခု မေးမြန်းဖြေကြားခဲ့ပြီး တရားစီရင်ရေးနဲ့သက်ဆိုင်တဲ့ အဆိုတခု တင်သွင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024