Homeမြန်မာသတင်း
ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေးလှုပ်ရှားမှု နေပြည်တော်စာသင်ကျောင်းများတွင် ပြုလုပ်မည်
ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေးလှုပ်ရှားမှု နေပြည်တော်စာသင်ကျောင်းများတွင် ပြုလုပ်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 2, 2017
နေ့စဉ် လမ်းအသုံးပြုသူတွေ ယာဉ်/ လမ်း အန္တရာယ် ကင်းရှင်းရေး ပညာပေးလှုပ်ရှားမှုကို နေပြည်တော်ရှိ စာသင်ကျောင်းတွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
"စာသင်ကျောင်းတွေမှာ ဟောပြောပွဲတွေလုပ်သွားမယ်။ လက်ကမ်းစာဆောင်တွေ ဝေမယ်။ ကလေးတွေစိတ်ဝင်စားပြီး သိနားလည်လာအောင်လုပ်သွားမယ်။ ပြီးရင်တော့ လူစည်ကားတဲ့ ဈေးကြီးတွေမှာ ပညာပေးကားကြီးနဲ့ လက်ကမ်းစာစောင်ဝေတာတွေလုပ်သွားမယ်"လို့ ဦးကိုကိုနိုင်က ပြောပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့မှာ ပျဉ်းမနားမြို့ရှိ အ.ထ.က (၃)နဲ့ အ.ထ.က (၁) တို့မှာ ယာဉ် စည်းကမ်း ဟောပြောပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီး နေပြည်တော် မြို့မဈေးမှာလည်း လက်ကမ်းစာစောင်ဝေငှတာ တွေ လုပ်သွားမယ်လို့ သိရပါတယ်။
ကမ္ဘာပေါ်မှာ ယာဉ်တိုက်မှုတွေဖြစ်ပေါ်နေပြီး အဲဒီအထဲမှာ နေ့စဉ် ယာဉ်တိုက်မှုကြောင့် ကလေး သူငယ် ၅၀၀ ဦးသေဆုံးနေပြီး ၁၀၀၀ ဦးရေကတော့ ထိခိုက် ဒဏ်ရာရရှိနေတာာ။
ဇန်နဝါရီလပိုင်းအတွင်း ယာဉ်တိုက်မှု ၃၈ မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုတွေဟာ ညအချိန် ဖြစ်ပွားမှုများကာ ဆိုင်ကယ်ယာဉ်တိုက်မှု အများဆုံးဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။