ရှေ့နေ ဦးကိုနီနှင့် ကိုနေဝင်းအတွက် ဘာသာနှစ်ခု ထုံးစံဖြင့် ကုသိုလ်ပြုမည်
DVB
·
February 1, 2017
လုပ်ကြံခံရပြီး ကွယ်လွန်သွားတဲ့ ရှေ့နေဦးကိုနီနဲ့ တရားခံကို ဖမ်းဆီးရင်း သေဆုံးခဲ့တဲ့ တက္ကစီယာဉ်မောင်း ကိုနေဝင်းတို့အတွက် ဘာသာရေး ထုံးတမ်းစဉ်လာတွေနဲ့အညီ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပြီး စတုဒီသာ ကျွေးမွေးဖို့ စီစဉ်နေပါတယ်။
ဗိုလ်တထောင်မြို့နယ် အမှတ် ၈ ရပ်ကွက်သားတွေက စုပေါင်းလုပ်ဆောင်ကြတာလို့ သိရပါတယ်။
“အစ္စလာမ်ဘာသာရေးအရ ကုရ်အာန်ကျမ်း အစအဆုံးရွတ်ဖတ်မယ်။ သံဃာတွေကို ဆွမ်းကပ်မယ်။ လူပေါင်း တစ်ထောင်အတွက် စတုဒီသာကျွေးမွေးဖို့လည်း စီစဉ်ထားပါတယ်” လို့ စီစဉ်သူ တဦးဖြစ်တဲ့ ဦးလှမင်းက ပြောပါတယ်။
ဆုတောင်းပွဲကို လာမယ့် စနေနေ့၊ မနက် ၁၀ နာရီ ကနေ ၁၂ နာရီအထိ၊ ဦးကိုနီ နေအိမ်ရှိရာ ၄၂ လမ်းနဲ့ မဟာဗန္ဓုလလမ်းထိပ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။