အိုင်ဖုန်း 7 စံချိန်တင်ရောင်းချနိုင်ခဲ့သည့်အတွက် အက်ပဲလ်ကုမ္ပဏီ ဝင်ငွေ အမြင့်ဆုံးတက်

ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃ လပတ်အတွင်း အက်ပဲလ် အိုင်ဖုန်း 7 တွေ စံချိန်တင် ရောင်းချနိုင်ခဲ့တဲ့အတွက် အက်ပဲလ်ကုမ္ပဏီ ဝင်ငွေအမြင့်ဆုံး မြင့်တက်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ အိုင်ဖုန်း 7 တွေ စတင်ရောင်းချခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလကစပြီး အက်ပဲလ်ကုမ္ပဏီရဲ့ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံကျော်ဝင်ခဲ့ပြီး အရင်နှစ် နောက်ဆုံး ၃ လပတ်နဲ့စာရင် ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၃ လပတ်အတွင်း အိုင်ဖုန်းတွေလိုပဲ မက်ကွန်ပျူတာတွေ၊ အက်ပဲလ်နာရီတွေနဲ့ တခြားဝန်ဆောင်မှုတွေမှာလည်း စံချိန်တင် ဝင်ငွေရရှိခဲ့တယ်လို့ အက်ပဲလ် စီအီးအို တင်မ်ကွတ်ခ် (Tim Cook) က ပြောပါတယ်။ ကုမ္ပဏီရဲ့ နောက်ဆုံး ၃ လပတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့အပြီး အက်ပဲလ် အစုရှယ်ယာတွေ ၃ ရာခိုင်နှုန်းလောက် မြင့်တက်သွားပါတယ်။ အက်ပဲလ်က အခုလို ဝင်ငွေအမြင့်ဆုံး ၃ လပတ်ဖြစ်ခဲ့တာ၊ တခြားပစ္စည်းတွေမှာလည်း အရောင်းစံချိန်တွေ ချိုးနိုင်ခဲ့တာ အလွန်ဝမ်းသာ ဂုဏ်ယူတယ်လို့လည်း စီအီးအို တင်မ်ကွတ်ခ်က ပြောပါတယ်။ ဒါမတိုင်ခင်မှာတော့ အက်ပဲလ်ကုမ္ပဏီဟာ ဘဏ္ဍာရေး ၃ လပတ် ၃ ပတ်ဆက်တိုက် ၀င်ငွေကျဆင်းခဲ့ပြီး တရုတ်နိုင်ငံက အိုင်ဖုန်း ပြိုင်ဘက်ဖုန်းတွေ အပြိုင်အဆိုင်များခဲ့လို့လို့ ဆိုပါတယ်။ အက်ပဲလ်ကုမ္ပဏီဝင်ငွေ ၃ ချိုး ၂ ချိုးဟာ အိုင်ဖုန်းအရောင်းတွေက ရရှိတာကြောင့် အိုင်ဖုန်း အရောင်းကျတာနဲ့ ကုမ္ပဏီဝင်ငွေကို သိသိသာသာ ထိခိုက်တာပါ။ ဒါကြောင့် ၂၀၁၆ ပထမနှစ်ဝက်မှာ အက်ပဲလ်ဝင်ငွေဟာ ၁၅ နှစ်အတွင်း အနည်းဆုံးဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up