ယခင် ဘရာဇီးအချမ်းသာဆုံး သူဌေးကြီးကို ဖမ်းဆီးပြီး လုံခြုံရေးအဆင့်မြင့်ထောင်သို့ ပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
ဘရာဇီးနိုင်ငံရဲ့ အရင် အချမ်းသာဆုံး ဘီလီယံနာ သူဋ္ဌေးကြီးကို ဖမ်းဆီးပြီး ရီယိုမြို့က လုံခြုံရေးအဆင့်မြင့်ထောင်တခုကို ပြောင်းရွှေ့လိုက်တယ်လို့ ဇန်နဝါရီ ၃၀ ရက်နေ့က ဘရာဇီး ရုပ်သံသတင်းဌာနက ဆိုပါတယ်။ ဘရာဇီး ရေနံနဲ့ သတ္တုတွင်းလုပ်ငန်း သူဋ္ဌေးကြီး ဘာတစ္စတာ (Batista) ကို နယူးယောက်မြို့ကနေ ပြန်အရောက်မှာ ဖမ်းဆီးခဲ့ပြီး စီးပွားရေးလုပ်ကွက်တွေရဖို့  ရီယိုပြည်နယ်အစိုးရကို ဒေါ်လာသန်းနဲ့ချီပြီး လာဘ်ထိုးခဲ့မှုနဲ့ စွပ်စွဲခဲ့ရတာပါ။ သူကတော့ စွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး ဘရာဇီးနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်မှုဟာ အစိုးရကို အတတ်နိုင်ဆုံး ကူညီမယ်လို့ ပြောဆိုပါတယ်။ သူ ဘရာဇီးနိုင်ငံကိုပြန်ဖို့ လေယာဉ်ပေါ်အတက်မှာ ဘရာဇီးနိုင်ငံကိုပြန်ပြီး သူ့အပေါ် စွပ်စွဲမှုတွေကို ဖြေရှင်းမယ်လို့ ပြောဆိုခဲ့တာပါ။ ဘရာဇီးထောင်အများအပြားဟာ အများဆုံးဆန့်တာထက်မက ရာဇဝတ်သားတွေ ထိန်းသိမ်းထားတာဖြစ်ပေမယ့် ဘာတစ္စတာကိုထားရှိတဲ့ အကျဉ်းထောင်မှာတော့ အဲ့ဒီပြဿနာမရှိဘူးလို့ ရီယိုမြို့ အကျဉ်းထောင် အာဏာပိုင်တွေက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up