အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဖြစ် ရတနာပုံအက်ဖ်စီနှင့် ဆူခွန်ထိုင်းအသင်း ယနေ့ယှဉ်ပြိုင်မည်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
အာရှချန်ပီယံလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်အဖြစ် ၂၀၁၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရတနာပုံအက်ဖ်စီအသင်းနဲ့ ထိုင်းကလပ် ဆူခွန်ထိုင်းအသင်းတို့ ထိုင်းနိုင်ငံမှာ ဒီနေ့ညနေ ၆ နာရီခွဲ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ အခုပွဲအတွက် လူငယ်ကစားသမား အများအပြားကို ပွဲထုတ်သွားမှာဖြစ်ပြီး အကောင်းဆုံး ဖြတ်ကျော်သွားမှာဖြစ်တယ်လို့ ရတနာပုံအသင်း နည်းပြချုပ် ရီနီက ပြောခဲ့ပါတယ်။ ဆူခွန်ထိုင်းအသင်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းအက်ဖ်အေဖလား ချန်ပီယံဆုကို ရရှိထားတဲ့အပြင် ထိုင်းပရီးမီးယားလိဂ်မှာတော့ အဆင့် ၇ နေရာရရှိခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ မြန်မာကိုယ်စားပြု ရတနာပုံအသင်းကတော့ ပြီးခဲ့တဲ့ရာသီက မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် ၂၀၁၇ အာရှချန်ပီယံလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တာပဲဖြစ်ပါတယ်။ ရတနာပုံအသင်းအနေနဲ့ အခုအဆင့်ကို ကျော်ဖြတ်နိုင်ပါက ရှုံးထွက်အဆင့်မှာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up