သူ (သေနတ်သမား) နဲ့ တရွာလုံး အဆင်မပြေဘူး - ဦးခင်မောင်လင်း (ရုပ်သံ)
DVB
·
January 31, 2017
ဇန်နဝါရီ ၂၉ ရက်နေ့က အန်အယ်လ်ဒီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ သေနတ်သမား ဦးကြည်လင်းရဲ့ အနီးကပ်ပစ်သတ်တာ ခံခဲ့ရသလို လိုက်လံဖမ်းဆီးတဲ့ တက္ကစီယာဉ်မောင်း ကိုနေဝင်းလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
သေနတ်သမား ဦးကြည်လင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် စိုင်လျှားအုပ်စု စိုင်လျှားကျေးရွာမှာ နေထိုင်တဲ့ ဦးခင်မောင်လင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
“လူက ဒီရွာသားတော့ ဟုတ်တယ်။ ဟုတ်ပေမယ့် အနှစ် ၂၀ လောက်ကတည်းက မြို့ထွက်သွားတာ။ ရန်ကုန်၊ မန္တလေးပဲ နေတာ။ သူ့မိဘမွေးချင်းတွေ၊ သူ့အိမ်ကလူတွေနဲ့ ဒီရွာကလူတွေနဲ့လည်း အဆင်မပြေဘူး။ သူတို့က တရွာလုံးနဲ့ တယောက်လိုပဲ။ ဒီရွာနဲ့ လုံးဝအဆင်မပြေဘူး။ ဒီလာကတည်းကလည်း ရှုပ်တယ်ထင်တယ်။ သူတို့က မြေပေါတော့ ရှေ့ကနေ ကာဆီးကာဆီး ရှုပ်တော့ တရွာလုံးကလည်း အရေးမလုပ်ကြတော့ဘူးဆိုတော့ မြို့ပဲနေတာ။ တော မနေဘူး။ ဒီရွာသားသာ ပြောတာ။ ဒီရွာမှာ မရှိဘူး။ ဒီရွာမှာ ဆယ်ရက်ပြည့်အောင် မနေဘူး။ သူနဲ့ တရွာလုံးနဲ့ အဆင်မပြေဆုံးပဲ။ အဆင်မပြေတော့ သူက ရွာမှာလည်း မနေဘူး။ မြို့ပဲ အမြဲနေတာပဲ။ မန္တလေးပဲ နေတာ။ မြေကတော့ သူတို့အများဆုံးပိုင်တာပဲ။ ရွာနဲ့အဆင်မပြေတော့ တရွာလုံးနဲ့တယောက် နေရတာ။"
အခု သူ ထောင်ကထွက်လာပြီး ဒီရွာကိုလာတဲ့ ရည်ရွယ်ချက်လေး အစ်ကိုသိသလောက် ပြောပြပါလား။
“ဒီရွာကို သူ့မိဘတွေဆီ အမွေတောင်းချင်တာ၊ မပေးလို့ သူ့ဘာသာ ပြန်သွားတော့တာပဲ။ ဒီရွာမှာ ဆယ့်ငါးရက်ပြည့်အောင် မနေဘူး။ အနှစ် ၂၀ ကတည်းက ထွက်သွားတာပဲ။”
ရုပ်သံ - ဌေးလှိုင်