သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်ကို ဆန့်ကျင်သည့် ယာယီရှေ့နေချုပ်ကို ရာထူးမှ ချက်ချင်းဖယ်ရှား

ဓာတ်ပုံ - ရိုက်တာ
မွတ်စလင်နိုင်ငံ ၇ ခုက ဝင်ရောက်လာသူတွေအပေါ် ထိန်းချုပ်တဲ့ သမ္မတ ထရမ့်ရဲ့ အမိန့်သစ်အပေါ် ဆန့်ကျင်တဲ့ ယာယီရှေ့နေချုပ် ဆယ်လီယိတ်စ်ကို သမ္မတ ထရမ့်က ဇန်နဝါရီ ၃၀ ရက် တနင်္လာနေ့ညမှာပဲ ရာထူးကနေ ချက်ချင်းဖယ်ရှားလိုက်ပါတယ်။ “ယာယီရှေ့နေချုပ် ဆယ်လီယိတ်စ်ဟာ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့ စီစဉ်ထားတဲ့ အမိန့်သစ်ကို တရားဝင်အောင်လုပ်ပေးဖို့ ငြင်းဆန်ခြင်းအားဖြင့် ပြည်ထောင်စုတရားရုံးကို သစ္စာဖောက်ခဲ့တယ်” လို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ရှောင် စပိုက်ဆားက စီအန်အန်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက တရားရေးဝန်ကြီးဌာနမှာ ရှေ့နေတွေကို မိန့်ခွန်းပြောကြားစဉ် ယာယီရှေ့နေချုပ် ယိတ်စ်က “သူ့အနေနဲ့ ထရမ့်ရဲ့ အမိန့်သစ်အပေါ် ယုံကြည်မှုမရှိကြောင်းနဲ့ တရားရေးဝန်ကြီးဌာနဟာ တရားမျှတမှုကိုရှာဖွေပြီး အမှန်တရားဘက်က အမြဲရပ်တည်ရမှာဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။ အဲဒီပြောဆိုချက်အပြီးမှာ သမ္မတ ထရမ့်က သူ့ကို ချက်ချင်း ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ယာယီရှေ့နေချုပ် ဆယ်လီယိတ်စ်ကို သမ္မတဟောင်း ဘားရက်အိုဘားမားက ခန့်အပ်ခဲ့တာဖြစ်ပြီး သမ္မတ ထရမ့် လျာထားရွေးချယ်တဲ့ ရှေ့နေချုပ်သစ် တာဝန်ယူမယ့်အချိန်ထိ ပြည်ထောင်စုဗဟိုတရားရုံးကို တာဝန်ယူကြီးကြပ်နေတာဖြစ်ကြောင်း စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up