ယနေ့ညကစားမည့် ချဲလ်ဆီးနှင့်ပွဲစဉ်တွင် တိုက်စစ်မှူး မာနီ ကစားနိုင်ရန် လီဗာပူး မျှော်လင့်

ဓာတ်ပုံ - အေအက်ဖ်ပီ
ချဲလ်ဆီးအသင်းနဲ့ကစားမယ့် ဒီည ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး မာနီ ပါဝင်ကစားနိုင်ဖို့ လီဗာပူးအသင်းက မျှော်လင့်နေပါတယ်။ တိုက်စစ်မှူး မာနီရဲ့ ဆီနီဂေါအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က အာဖရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ကင်မရွန်းကိုရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ လောလောဆယ်မှာတော့ တိုက်စစ်မှူး မာနီဟာ လီဗာပူးကို ပြန်လာဖို့ လုပ်ဆောင်နေပေမယ့် အချိန်မီ မရောက်နိုင်သေးဘဲ ဖြစ်နေတာပါ။ ဒါပေမယ့်လည်း လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကတော့ တိုက်စစ်မှူး မာနီကို ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ထည့်သွင်းကစားဖို့ မျှော်လင့်နေပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ် ဘောလုံးရာသီမှာ လီဗာပူးအတွက် ခြေစွမ်းပြ ကစားပေးနေပြီး ၉ ဂိုး သွင်းယူထားပါတယ်။ လီဗာပူးဟာ တိုက်စစ်မှူး မာနီ မရှိတဲ့ နောက်ပိုင်းမှာ ဂိုးရဖို့ ရုန်းကန်နေရသလို ဒီလထဲမှာ ကစားထားတဲ့ ၈ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up