ကျားလှောင်အိမ်နား နီးနီးကပ်ကပ် ကြည့်ရှုခဲ့သည့် အမျိုးသား ကျားတိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံမှ အမျိုးသားတဦးဟာ တိရစ္ဆာန်ရုံတခုထဲမှာ ကျားလှောင်အိမ်နား နီးနီးကပ်ကပ် ကြည့်ရှုခဲ့ချိန် ကျားတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ နင်းဘိုမြို့မှ ယာဂီယာ တိရစ္ဆာန်ဥယျာဉ်ထဲမှာ ဖြစ်ခဲ့တာလို့ စီဂျီတီအဲန်သတင်းမှာ ဇန်နဝါရီ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီအမျိုးသားရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိဘဲ မျက်မြင်သက်သေတွေကတော့ သူဟာ ကျားဆွဲမခံရခင်မှာ လှောင်အိမ်အပေါ် ခုန်တက်ကာ ကျားရဲ့အနားကို နီးနီးကပ်ကပ် တိုးပြီး ကြည့်နေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ကျားတိုက်ခိုက်ခံရချိန်မှာ တိရစ္ဆာန်ရုံဝန်ထမ်းတွေက မီးသတ်ပိုက်တွေ၊ ဗျောက်အိုးတွေဖောက်ပြီး ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ကြရတာပါ။ ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ အဲဒီကျားဟာလည်း နောက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခံခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ တိုက်ခိုက်ခံရတဲ့ အမျိုးသားကတော့ ကျားတိုက်ခိုက်ခံရတဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up