Home
မြန်မာသတင်း
ကညွတ်ကွင်းယာဉ်တိုက်မှု အမည်မသိအမျိုးသမီး ပြင်းထန်ဒဏ်ရာရ
DVB
·
January 30, 2017
ယနေ့နံနက် ၅ နာရီ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့မှာ လမ်းဖြတ်ကူးသူ အမည်မသိအမျိုးသမီးတဦးကို ဆီဘောင်ဆာယာဉ်က တိုက်မိခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒီမနက်က ကျွန်နော်တို့ရပ်ကွက် ဆွမ်းလောင်းရှိတော့ အဲဒီမှာ လုပ်ကူနေတာ။ အမျိုးသမီးက ကားလမ်းကို ဖြတ်ကူးတာဗျ။ အဲဒီမှာ တိုက်မိတယ်။ ခေါင်းကိုထိထားတာ တော်တော်အခြေအနေဆိုးတယ်။ စိုးရိမ်ရတယ်။ သူ့မိသားစုက ဘယ်သူတွေ၊ ဘယ်ကဆိုတာကတော့ အခုအထိ မသိသေးဘူး။ ကျနော်တို့ပဲ ဆေးရုံကို ကူညီးပြီးပို့ ပေးလိုက်တယ်။ ကညွတ်ကွင်းဆေးရုံက မနိုင်လို့ ဖြူးဆေးရုံကို လွှဲမယ်လို့ ပြောတယ်” လို့ ယာဉ်တိုက်မှုဖြစ်စဉ်မှာ လိုက်ပါကူညီပေးသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၁၃၁/၂ နှင့် ၁၃၁/၃ အကြားမှာ ယာဉ်မောင်းသိန်းလွင် (ချမ်မြေ့သာစည်ရပ်ကွက် တောင်ကြီးမြို့ နေသူ) မောင်းနှင်လာတဲ့ ယာဉ်အမှတ် 9K/6053 ၂၂ ဘီးတပ် ဆီဘောင်ဆာယာဉ်ဟာ လမ်းဖြတ်ကူးသူ အမည်မသိအမျိုးသမီးတဦးကို တိုက်မိခဲ့တာပါ။ အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသမီမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ) ရရှိပြီး ကညွတ်ကွင်းတိုက်နယ်ဆေးရုံကို တင်ပို့ကုသခဲ့ခဲ့ပါတယ်။ ရရှိတဲ့ဒဏ်ရာ ပြင်းထန်တာကြောင့် ကညွတ်ကွင်းတိုက်နယ်ဆေးရုံမှတဆင့် ဖြူးမြို့ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသနေတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်ကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက ယာဉ်(ပ)၂ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ယာဉ်တိုက်ခံရသူရဲ့ နေရပ်နဲ့ မိသားဝင်များအား ဆက်သွယ်နိုင်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024