မူးယစ်ဆေးဝါးစစ်ဆင်ရေးကို သမ္မတသက်တမ်းကုန်မည့် ၂၀၂၂ ခုနှစ်အထိ ဒူတာတေ သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်သမ္မတ ဒူတာတေက သူ့ရဲ့ မူးယစ်ဆေးဝါးစစ်ဆင်ရေးကို သူ့သမ္မတသက်တမ်းကုန်ဆုံးမယ့် ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပါတယ်။ ပထမတော့ သူ ဒီမူးယစ်ဆေးဝါးစစ်ဆင်ရေးကို ဒီဇင်ဘာလအပြီး အမြစ်ပြတ်ရှင်းလင်းမယ်လို့ စတင်ခဲ့ပေမယ့် အခုနှစ် မတ်လကို သက်တမ်းတိုးခဲ့ပါတယ်။ အခုတော့ သူထင်တာထက် မူးယစ်ဆေးဝါးပြဿနာက ဆိုးတဲ့အတွက် မတ်လနဲ့လည်း မဖြစ်နိုင်ဘူးလို့ ဇန်နဝါရီ ၂၉ ရက်က သက်တမ်းတိုးအပြီး အဲဒီည သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ ဒီမူးယစ်ဆေးဝါးစစ်ဆင်ရေးအတွင်း  လူအများအပြားဟာ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေနဲ့ သေဆုံးခဲ့ကြပြီး အများစုဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ သေဆုံးကြတာပါ။ သမ္မတ ဒူတာတေကတော့ သူ ဒီမူးယစ်ဆေးဝါးပြဿနာကို လျော့တွက်ခဲ့မိတယ်၊ အခုလို သက်တမ်းတိုးဖို့ လိုကို လိုအပ်တယ်လို့လည်း ပြောဆိုတာပါ။ ဒူတာတေရဲ့ မူးယစ်စစ်ဆင်ရေးအတွင်း လူအများအပြား သေဆုံးခဲ့တဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အနောက်နိုင်ငံတွေရဲ့ အပြင်းအထန် ပြစ်တင်ဝေဖန်မှုတွေ ခံရပါတယ်။ ဒါပေမယ့် သမ္မတ ဒူတာတေဟာ ပြည်တွင်းမှာတော့ လူထုထောက်ခံမှု အကြီးအကျယ် ရရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up