ခရီးသွားအုပ်စု ဆယ်လ်ဖီအရိုက်ကောင်းလို့ လင်းပိုင်လေးသေဆုံးမှု ၀ိုင်းဝန်းဝေဖန် (ရုပ်သံ)

ခရီးသွားဧည့်သည်အုပ်စုက သူတို့နဲ့တွဲပြီး ဆယ်လ်ဖီရိုက်ဖို့ လင်းပိုင်အကောင်ပေါက်လေးကို ရေထဲက အကြာကြီးထုတ်ခဲ့လို့ သေဆုံးခဲရတယ်ဆိုပြီး လူမှုကွန်ရက်မှာ ဝေဖန်မှု မြင့်တက်နေပါတယ်။ အာဂျင်တီးနားနိုင်ငံက ကမ်းခြေတစ်ခုမှာ နမော်နမဲ့နိုင်လှတဲ့ အားလပ်ရက်ခရီးထွက်သူတွေက သူတို့ ထိကိုင်ဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တာကြောင့် သနားစရာ သတ္တဝါလေး သေဆုံးခဲ့ရတယ်လို့ မေးလ်အွန်လိုင်းအင်တာနက်စာမျက်နှာပေါ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ဗြူနိုစ်အေးရီးစ်တောင်ပိုင်း ဆန်ဘာနာဒိုမြို့ရဲ့ ကမ်းခြေမှာ လင်းပိုင်အကောင်ပေါက်ကို ခရီးသွားဧည့်သည်တွေက ရေထဲက ဆွဲထုတ်ခဲ့တာပါ။ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ကလော်ဒီယာက ဒီလူအုပ်စုကြီးကပဲ ဒေါ်လဖင်ကို သတ်တာလို့ CN5 သတင်းကို ပြောခဲ့ပါတယ်။ “ဒီအကောင်ပေါက်လေးက သိပ်ယ်သေးတယ်၊ သူက ကမ်းခြေရောက်လာတော့ သူ့ကို ဒီလူတွေ ရေထဲပြန်လွှတ်ပေးသင့်တယ်၊ အကောင်ပေါက်လေးက အသက်ရှူနေသေးတယ်။ ဒါပေမယ့် အားလုံးက အကောင်လေးကို ကိုင်ကြည့်ကြ၊ ဓာတ်ပုံတွေ တွဲရိုက်ကြနဲ့လေ သူတို့ပြောတာတော့ အကောင်ပေါက်လေးက သေနေပြီးသားလို့ ပြောတယ်” လို့ ကလော်ဒီယာက စပိန်သတင်းဌာနကို ပြောပါတယ်။ ခရီးသွားဧည့်သည်တွေ ဆဲလ်ဖီရိုက်လို့ အာဂျင်တီးနားမှာ လင်းပိုင်သေတာက တစ်နှစ်တည်းမှာပဲ ဒါက ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း ကမ်းခြေမှာ နေလာလှုံသူလူအုပ်စုက ကိုင်ကြည့်ကြတာနဲ့ လင်းပိုင် ရေငတ်ပြီး သေဆုံးခဲ့တာ ဖြစ်သေးတယ်၊ ပြီးတော့ အဲ့လူအုပ်က လင်းပိုင်အသေလေးကို သဲပေါ်မှာ ထားခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up