ဒေါ်နယ်ထရမ့် အမေရိကန်ပြည်သူများကို ပထမဦးဆုံး မိန့်ခွန်းပြောကြား

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်သူတွေဆီ တိုက်ရိုက်ဦးတည်တဲ့ သူ့ရဲ့ပထမဦးဆုံးမိန့်ခွန်းကို ဇန်န၀ါရီ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းအတွင်း သမ္မတထရမ့်က “ကျနော့်ရဲ့ အမေရိကန်ပြည်သူများခင်ဗျား အမေရိကန်လူထုအတွက် ထမ်းဆောင်ရမယ့် အလွန်ကြီးမားတဲ့ တာဝန်ဝတ္တရားကို ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ လူထုက ကျနော့်အစိုးရပုခုံးပေါ် တင်ပေးလိုက်ပါပြီ။ လုပ်စရာတွေအများကြီးရှိပါတယ်။ အဲဒီအထဲက ကျနော်တို့လုပ်ခဲ့ပြီးတာတချို့ကို ပြောပြချင်ပါတယ်။ သမ္မတအဖြစ် ကျနော့်ရဲ့ပထမဆုံးနေ့တွေမှာ တိုင်းပြည်မှာရှိတဲ့ ထိပ်တန်းကုမ္ပဏီတွေ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေနဲ့ ကျနော်တွေ့ဆုံခဲ့ပါတယ်။ ကျနော့်ရဲ့ သတင်းစကားက ရှင်းပါတယ်။ ကုန်ပစ္စည်းအားလုံးကို အမေရိကန်မှာပဲ ထုတ်ချင်တယ်။ အမေရိကန်အလုပ်သမားတွေကိုပဲ သုံးချင်တယ်။  ကုမ္ပဏီအတော်များများက အမေရိကန်ကနေ ထွက်သွားမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကာလကတည်းက ကြေညာခဲ့ပါတယ်။ အမေရိကန်မှာပဲ အလုပ်တွေ ဖန်တီးပေးပါမယ်။ အမေရိကန်ပြည်သူတွေကို ပေးထားတဲ့ကတိတွေကို နေ့တိုင်းနေ့တိုင်း  ကျနော်တို့ ပြည့်ဝအောင် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း လုပ်ခဲ့တာတွေကို အခု ကျနော်ပြောပါမယ်။ အခုချိန်ဟာ Obama care ကို အစားထိုးရမဲ့အချိန်ဖြစ်ပါတယ်။ အမေရိကန်အလုပ်သမားတွေကို ကာကွယ်ဖို့အတွက် Trans-Pacific Partnership-TPP အဖွဲ့ကနေထွက်ပြီး တနိုင်ငံချင်းစီ ကုန်သွယ်ရမဲ့အချိန်ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင်  Keystone and Dakota Access ကုမ္ပဏီကို အသုံးပြုပါမယ်။ အမေရိကန်က ထုတ်တဲ့ စတီးလ်နဲ့ အခြေခံ အဆောက်အအုံတွေကို အသုံးပြုပါမယ်။ ဆိုးဝါးနေတဲ့အခြေအနေတွေကိုကာကွယ.်ဖို့ အမေရိကန် ပြည်သူတွေ လုံခြုံဖို့အတွက် နယ်စပ်တံတိုင်း ခတ်တာတွေကို ချက်ချင်းစတင်ပါမယ်။”လို့ ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up