အသင်းပြောင်းရန် ပြင်နေသည့် အီဗန်နိုဗစ်နှင့်ဘီဂိုဗစ်တို့ကို ချဲလ်ဆီးနည်းပြ စောင့်ကြည့်နေ

ချဲလ်ဆီးအသင်းက အပြောင်အရွှေ့ ဈေးကွက် မပိတ်ခင် အသင်းပြောင်ဖို့ လုပ်နေတဲ့ နောက်တန်းသမား အီဗန်နိုဗစ်နဲ့ ဂိုးသမား ဘီဂိုဗစ်တို့ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆားဘီးယား နောက်တန်းသမား အီဗန်နိုဗစ်ဟာ ၀က်စ်ဘရွန်းအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂိုးသမား ဘီဂိုဗစ်ကတော့ ဘိုးမောက်အသင်းကို ပြောင်းမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး နည်းပြ ကွန်တီကတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချရမှာပါ။ ဒါပေမယ့် ကစားသမားတိုင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါမယ်လို့ ပြောပါတယ်။ နောက်ထပ် ၃ ရက်အတွင်းမှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့လည်း ဆိုထားပါတယ်။ ဇန်န၀ါရီ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဟာ လာမယ့် ၃၀ ရက်နေ့ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ နောက်တန်းသမား အီဗန်နိုဗစ်ဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရဖူးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up