Home
မြန်မာသတင်း
ကသာမြို့တွင် ကျပ်သိန်း ၁၀၀၀ ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
January 29, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ ကျပ်သိန်း ၁ ထောင်ကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဇန်နဝါရီ ၂၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ကသာမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၅ ရက်နေ့က လိုင်စင်မဲ့ကား မောင်းနှင်လာသူ မြင့်အောင်(ခ) တင်ထွေး အင်းတော်မြို့နယ် နေသူကို ပို့ကုန် ဥပဒေအရ ဖမ်းဆီးခဲ့ပါတယ်။ ဇန်န၀ါရီ ၂၈ ရက်နေ့မှာတော့ လိုင်စင်မဲ့ကား မောင်းနှင်မှုနဲ့ အဖမ်းခံထားရသူကို ဧည့်လာတွေ့တဲ့ အောင်အောင်(ခ) မြင့်အောင်ဟာ သက်သေခံ ကားအနီးမှာ မသင်္ကာစရာ လှည်ပတ် ကြည့်နေတာကို ရဲစခန်းက သတိထားမိခဲ့ပြီး ကားအတွင်း လျှို့ဝှက်သယ်ဆောင်လာတဲ့ မူးယစ် ဆေးဝါးတွေကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ကားပစ္စည်းထည့်တဲ့ အဖုံးပါ ပလပ်စစ်တစ် ကန်အတွင်း က (၁၂) ဂရမ်ခန့်စီပါ ဖြူ /ဝါရောင် ဘိန်းဖြူ ရောင်စုံ ဆပ်ပြာခွက် (၃၃) ခွက် စုစုပေါင်း အလေးချိန် (၃၉၆) ဂရမ်ခန့် ဖမ်းမိခဲ့တာပါ။ ဒါ့အပြင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၀၀၀) နှစ်သောင်း စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း ၁ ထောင် ၄ရာ နီးပါးဘိုး ဖမ်းမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ကားမောင်းသူနဲ့ ဧည့်သည်လာတွေ့တဲ့သူ နှစ်ယောက်စလုံးကို ကသာမြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်းဓာတ်ပုံ - မြင့်လွင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024