မြွေဟောက်ဘုရင်ရဲ့ လျှို့ဝှက်ချက် (ရုပ်သံ)

ဘီဘီစီ၂၀၁၇ ခုနှစ် Plannet Earth II ရဲ့ တောရိုင်းတိရစ္ဆာန် မှတ်တမ်းဗွီဒီယိုရုပ်သံမှ မြွေဟောက်ဘုရင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ရိုက်ကူးတင်ပြထားတာပါ။ အစီအစဉ်တင်ဆက်သူမှ မြွေဟောက်ဘုရင်တွေဟာ သေစေနိုင်တဲ့ သတ္တဝါတွေဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အဆိပ်ရှိ သတ္တဝါဖြစ်တယ်၊ မြွေဟောက်ဘုရင်တွေက အရွယ်လုံးဝရောက်ပြီးသား ဆင်တစ်ကောင်ကို သေစေနိုင်လောက်အောင် အစွမ်းရှိပေမယ့် ဘာကြောင့်ဒီလို စွမ်းနိုင်တယ်ဆိုတာကိုတော့ လူသားတွေက လုံးဝနီးနီး မသိရှိဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် ခုဒီလိုမသိတဲ့ ကိစ္စကို ပြောင်းနိုင်တော့မယ်လို့ဆိုပါတယ်။ သုတေသနလုပ်သူတွေက မြွေဟောက်ဘုရင် ၂ ကောင်ကို ခွဲစိတ်ပြီး စောင့်ကြည့် စက်ကိရိယာတွေထည့်ထားပါတယ်။ လျှို့ဝှက်ဆန်းကြယ်လှတဲ့ မြွေအချင်းချင်း အကြမ်းဖက်တိုက်ခိုက်တာ မြွေတွေ အသားစားတာတွေ စတာတွေပါဝင်တဲ့ လူသားတွေ အရင်က လုံးဝမမြင်ဘူးတဲ့ မြွေတွေရဲ့ နေထိုင်မှုဘဝ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြသွားမှာပါလို့ ဆိုပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို ရုပ်သံဗွီဒီယိုထဲမှာ တွေ့မြင်ရမှာပါ။ မြွေဟောက်ဘုရင်တွေက ၅ မီတာခွဲနီးနီးထိ ရှည်လျား ကြီးပြင်းတတ်ပြီး အိန္ဒိယသစ်တောတွေကို နှစ်သန်းပေါင်းများစွာ အကြီးအကဲအဖြစ် နေထိုင်တယ်လို့ ဆိုပါတယ်။ ဒီရှေးဟောင်းသတ္တဝါတွေက ခုချိန်မှာ လူသားတွေရဲ့နေရာတွေမှာ နေထိုင်ရောက်ရှိလာတာ ပိုမိုများပြားလာတယ်။ သူတို့ကြီးကဲနေထိုင်ရာ သစ်တောနေရာတွေကလည်း တနှစ်ထက်တနှစ် ပိုပိုသေးငယ်လာတယ်လို့ သိရပါတယ်။ မြွေဟောက်ဘုရင်တွေက အခြားမြွေတွေကို ကိုက်ဖြတ်စားသုံးတတ်ပါတယ်။ အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း လူ ၅ သောင်းလောက် မြွေကိုက်ခံပြီး သေဆုံးပေမယ့် အိန္ဒိယမှာ အကြီးဆုံးအဆိပ်ရှိ သတ္တဝါဖြစ်တဲ့ မြွေဟောက်ဘုရင်တွေကြောင့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တောင်ပိုင်းအိန္ဒိယမှာ လူ ၄ ဦးပဲ သေဆုံးတယ်လို့ သိရပါတယ်။ မြွေဟောက်ဘုရင်တွေက သူတို့ထုတ်လွှတ်မဲ့ အဆိပ်ပမာဏကို ထိန်းချုပ်နိုင်လို့ သူတို့ ကိုက်တဲ့လူတွေထဲမှာ ၁၀ ရာခိုင်နှုန်းပဲ သေဆုံးတယ်လို့ ဆိုပါတယ်။ မြွေဟောက်ဘုရင်တွေရဲ့ အဆိပ်ကလည်း အဖိုးထိုက်တန်လို့လည်း သိရပါတယ်။ သတင်းရုပ်သံ- ဘီဘီစီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up