ဘရာဇီးတွင် ငန်းဝါအဖျားရောဂါကြောင့် လူ ၄၀ ခန့် သေဆုံး၊ ကူးစက်မှုရပ်တန့််ရန် ကြိုးစား

ဘရာဇီးနိုင်ငံအတွင်း ငန်းဝါ အဖျားရောဂါကြောင့် အနည်းဆုံး လူအယောက် ၄၀ သေဆုံးခဲ့အပြီး ကူးစက်မှုရပ်တန့်အောင် ပြည်သူ့ကျန်းမာရေး အရာရှိတွေ ကြိုးစားနေပါတယ်။ ပြည်နယ် ၉ ခုထဲက လူတွေ ကာကွယ်ဆေးထိုးကြဖို့လည်း ဇန်နဝါရီ ၂၆ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ ကူးစက်ခံရသူ ဦးရေ ၇၀ နဲ့ သေဆုံးသူ ၄၀ ကို အတည်ပြုပြီးပြီ၊ တခြား သေဆုံးသူ ၄၇ ဦးနဲ့ ကူးစက်ခံ ၃၆၈ ဦးတို့ကို ငန်းဝါအဖျား ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ၂၀၀၃ နောက်ပိုင်းမှာ အမြင့်ဆုံး ကူးစက်ခံရတဲ့ ပမာဏပါ။ နိုင်ငံတလွှား ကာကွယ်ဆေး ၅ ဒသမ ၅သန်း ဖြန့်ဖြူးခဲ့ပြီး လာမယ့်ရက်တွေအတွင်း ၁၁ ဒသမ ၅ သန်းကို ထပ်ဖြန့်ဖြူးမယ်၊ နောက်ထပ် လူ ၉ သန်းစာ ကာကွယ်ဆေးကို ထုတ်လုပ်ဖို့ ဘရာဇီး ဇီဝဆေးသုတေသနအဖွဲ့ ဖီယိုခရုဇ်က ပြင်ဆင်နေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ငန်းဝါအဖျား ကူးစက်ခံရသူ အများစုက ကူးစက်မှု ပထမပိုင်းမှာ ပြန်သက်သာ ပျောက်ကင်းလေ့ရှိပါတယ်။ ရောဂါလက္ခဏာတွေက အဖျား၊ ကြွက်သားနဲ့ နောက်ကျောနာကျင်တာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်နေတာနဲ့ ခံတွင်းပျက်တာ၊ မူးဝေ အော့အန်တာတွေ ဖြစ်လေ့ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up