ဖီလာဒဲလ်ဖီးယားမြို့တွင် ဒေါ်နယ်ထရမ့်ကို လူထောင်ပေါင်းများစွာ ဆန္ဒပြ

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးဖို့အတွက် ဇန်နဝါရီ ၂၆ ရက်နေ့က ဖီလာဒဲလ်ဖီးယားမြို့ကို ရောက်ရှိလာတာကြောင့် လူထောင်ပေါင်းများစွာ စုပေါင်းပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ သောမတ်စ် ပိန်း ပလာဇာအနီးရှိ ဖီလာဒဲလ်ဖီးယား မြို့တော်ခန်းမရှေ့ကို စုရုံးရောက်ရှိလာပြီး အဲဒီနေရာကနေ BNY မယ်လွန်စင်တာအနီးထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတသစ်ထရမ့်ဟာ အိုဘားမားကဲ (Obamacare) လို့ နာမည်ကြီးတဲ့ သမ္မတဟောင်း အိုဘားမားရဲ့ လူတိုင်းဆေးကုနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်နေရာမှာ တခြားအစီအစဉ်တခုနဲ့ အစားထိုးဖို့၊ အမေရိကန်စီးပွားရေးသမားအားလုံးနဲ့ လူလတ်တန်းစားအားလုံးအတွက် အခွန်ငွေလျှော့ပေါ့ပေးဖို့ လွှတ်တော်အမတ်တွေကို ဖိအားပေးခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ်တွေဟာ သမ္မတသစ် ထရမ့်ရဲ့ ဥပဒေရေးရာကိစ္စတွေကို ဆွေးနွေးဖို့၊ အိမ်ဖြူတော်နဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်မယ့် အရေးကြီးကိစ္စတွေကို ဆွေနွေးဖို့အတွက် ဖီလာဒဲလ်ဖီးယားမြို့ကို ၃ ရက်ကြာ ရောက်ရှိနေတာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up