Home
မြန်မာသတင်း
တပ်မတော်သားကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲခန့်အပ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 27, 2017
လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲ ခန့်အပ်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်န၀ါရီလ ၂၆ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကို အစားထိုးပြောင်းလဲခန့်အပ်ခဲ့တာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဒုတိယအကြိမ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်က ကိုယ်စားလှယ်တွေကို အမည်စာရင်း ပြောင်းလဲလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ကော်မရှင် (UEC) က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ပြန်လည် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အောင်ကိုကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024